Monday, December 26, 2016

မြန်မာနိုင်ငံ၌ ကလေးတီဘီဖြစ်ပွားနှုန်း WHO သတ်မှတ်ချက်ထက် ကျော်လွန်နေ

မြန်မာနိုင်ငံ၌ ၁၅ နှစ် အောက် ကလေးများတွင် တီဘီ ရောဂါဖြစ်ပွားမှု ၂၅ ရာခိုင်နှုန်းရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သတ်မှတ်ချက်ထက် ဖြစ်ပွား နှုန်းပိုမိုများပြားနေကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန မှ သတင်းရရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တစ်နိုင်ငံချင်းစီအလိုက် ကလေးတီဘီရောဂါကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကြား သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှုမှာ ၂၅ ရာခိုင်နှုန်းအထိရှိနေခြင်း ဖြစ်သည်။

‘‘WHO သတ်မှတ်ချက်အရ တော့ 10 to 15% ရှိတာပေါ့။ ကျွန်တော်တို့နိုင်ငံမှာတော့ 25% ဖြစ် နေတယ်ဆိုတော့ သတ်မှတ်ချက် ထက်စာရင် တော်တော်များနေ တာပေါ့။ အဓိက ကလေးတွေကို ဘယ်လိုဖြစ်စေတာလဲဆိုရင် လူ ကြီးကနေ ကူးစက်တာပဲ။ ကလေးကလေးချင်း တီဘီကူးဖို့ အင်မတန်ခဲယဉ်းတယ်။ လူကြီးမှာ သလိပ် ပိုးတွေရှိနေတဲ့အတွက်ကြောင့်မို့ ချောင်းဆိုးတာကနေ ကလေးတွေကို ကူးစက်တာ။ ဒါကြောင့် လူကြီးတီဘီတွေကို စောစောစီးစီးရှာမြန် မြန်ပျောက်အောင်ကုမယ်ဆိုရင် ကလေးတီဘီတွေကျဆင်းလာမှာ ပါ’’ဟု ရန်ကုန်တိုင်းပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ တီဘီရောဂါကု ဆရာဝန်ကြီး ဒေါက်တာ ဇော်မြင့် က ပြောသည်။

အဆိုပါကလေးတီဘီရောဂါ ကို လသားအရွယ်မှစ၍ (၁၅) နှစ် အောက်ကလေးသူငယ်များတွင် ဖြစ်ပွားနေသည်ကို တွေ့ရှိရပြီး (၅)နှစ်အောက် ကလေးငယ်များတွင် ပိုမို အဖြစ်များနေသည်ကို တွေ့ရကြောင်း သိရသည်။

‘‘ကလေးတီဘီက အသက် အရွယ်တိုင်းမှာတွေ့နိုင်တယ်။ လူ ကြီးတွေမှာက သလိပ်ထဲမှာပိုးရှိ တယ်။ သေချာပေါက်ပြောလို့ရ တယ်။ ကလေးတီဘီကျတော့ သလိပ်ထဲမှာ ပိုးထွက်တာမဟုတ် ဘူး။ တီဘီလက္ခဏာရှိသလား၊ တီဘီဖြစ်တဲ့ သူနဲ့အတူတူရှိလား၊ ဓာတ်မှန်မှာ သံသယဖြစ်စရာရှိ လား၊ တခြားစမ်းသပ်မှုတွေမှာ သံသယဖြစ်စရာရှိလား၊ ပြောရ တာနည်းနည်းခက်ပါတယ်။ လူ ကြီးရှိတော့ ကလေးမှာရှိတယ်။ ကုသမှုခံယူဖို့ လိုတယ်။ ငယ်လေလေ ပိုအရေးကြီးလေလေပါပဲ’’ ဟု ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးစောဝင်းက ပြော သည်။

ကမ္ဘာပေါ်၌ ကလေးများတွင်တီဘီရောဂါအသစ်ဖြစ်ပွားမှုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၁ တွင် တွက်ချက်ခဲ့သည့် ကိန်း ဂဏန်းထက် နှစ်ဆဖြစ်ပွား (က လေးငယ်ပေါင်း တစ်သန်းခန့် နှစ်စဉ်တီဘီရောဂါဖြစ်ပွား)နေကြောင်း ဟားဗတ် တက္ကသိုလ် ပြည်သူ့ကျန်းမာရေးကျောင်းလေ့လာရေးအဖွဲ့ဝင်များ၏ ၂၀၁၅ ကျန်းမာရေးစစ်တမ်းများ၌ ဖော်ပြထားသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment