Monday, December 26, 2016

UNFC ကိုယ်စားလှယ်အဖွဲ့နှင့် ‘ဝ’လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

ညီညွတ်သောတိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင် စီ(UNFC)ကိုယ်စားလှယ်အဖွဲ့နှင့် ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA) ခေါင်းဆောင်များသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ဆုံဆွေး နွေးခဲ့ကြောင်း သတင်းရရှိသည်။

UNFC ဒုတိယဥက္ကဋ္ဌ နိုင် ဟံသာဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် ‘ဝ’လက်နက်ကိုင် အဖွဲ့(UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူ ချန်း  ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက်‘ဝ’ဒေသပန်ဆန်း၌ တွေ့ဆုံဆွေး နွေးခဲ့ကြောင်း သတင်းများထွက် ပေါ်မှုအပေါ် ယင်းတွေ့ဆုံမှုသည် မှန်ကန်ကြောင်း UNFC တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) ဦးထွန်းဇော်က အတည်ပြုပြော ကြားသည်။
‘‘မြောက်ပိုင်းဘက်သွားတာ က ကျွန်တော်တို့ မဟာမိတ်တွေ ကြားထဲမှာ ညှိနှိုင်းဆွေးနွေးမှုရည် ရွယ်ချက်ပါပဲ။ လတ်တလောဖြစ် နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပေါ့။ လက်ရှိ မြေပြင်အခြေအနေ တွေ လေ့လာအကဲဖြတ်ရင်းနဲ့ ပေါ့။ အခုလက်ရှိသွားနေတဲ့ငြိမ်း ချမ်းရေးဖြစ်စဉ်ကလည်း အားလုံး နဲ့ ဆိုင်တယ်၊ တစ်စုံလုံးနဲ့ ဆိုင် တယ်ဆိုတော့ မြောက်ပိုင်းက လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို အကဲဖြတ်နိုင်ဖို့ အဓိကဖြစ်ပါ တယ်’’ဟု ဦးထွန်းဇော်က ဆို သည်။
လတ်တလောတွင် မြန်မာ နိုင်ငံမြောက်ပိုင်း ကချင်နှင့်ရှမ်း မြောက်ဒေသများ၌ ကချင်လက် နက်ကိုင်အဖွဲ့ (KIA)၊ တအာင်း လက်နက်ကိုင်အဖွဲ့ (TLNA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင် အဖွဲ့(AA)တို့နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
မြောက်ပိုင်းဒေသရှိ လက် နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံသည့် UNFC ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ၊ UNFC ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဗိုလ်ချုပ်ဘီထူးနှင့် တာ့အိုက်ညွန့်တို့ပါဝင် ကြောင်း ဦးထွန်းဇော်က ပြော သည်။
UNFC ကိုယ်စားလှယ်များ  အနေဖြင့် ဒီဇင်ဘာ ၂၀ ရက်က နေပြည်တော်၌ ကျင်းပသည့်ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင် ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB)ဖွဲ့စည်းရေးအစည်းအဝေး တွင်လည်း လက်တလောဖြစ်ပွား နေသော တိုက်ပွဲများကြောင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များတုံ့ဆိုင်း မှုဖြစ်စေကြောင်း အစိုးရထံ တင်ပြခဲ့သည်ဟု ဦးထွန်းဇော်က ပြော သည်။
‘‘ကျွန်တော်တို့ကတော့ ပြီးခဲ့ တဲ့ ၂၀ ရက်နေ့ JCB အစည်းအ ဝေးသွားတက်တယ်ပေါ့။ ကျွန် တော်တို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့မှာပဲ တင်ပြခဲ့တာရှိတယ်။ အ ဖွင့်အမှာစကားပြောရင်းပေါ့။ ဒီ လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေ ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို တုံ့ဆိုင်းမှုတွေ ဖြစ်စေတယ်။ မြေပြင်မှာဖြစ်နေတဲ့ကိစ္စတွေ ရပ် တန့်နိုင်ရေးအထောက်အကူပြုဖို့ အတွက် စဉ်းစားဖို့ပေါ့နော်။ အဲဒီ ဘက်မှာတော့ တုံ့ပြန်မှုတော့ ဘာမှမရှိဘူး။ အစည်းအဝေးခေါင်းစဉ် က မတူလို့လားတော့ မသိဘူး။ ကျွန်တော်တို့က ရန်ပုံငွေကိစ္စကိုပဲ အဓိကပြောကြတယ်’’ ဟု ၎င်းက ဆိုသည်။
‘‘ကျွန်တော်တို့ မြင်တာက တော့ မြေပြင်တိုက်ပွဲအခြေအနေ က ပိုအရေးကြီးတယ်လို့ သုံးသပ် မိတာပေါ့။ စားပွဲဝိုင်းဆွေးနွေးပွဲ တွေက မြေပြင်အနေအထားတွေ မတည်ငြိမ်ရင် စားပွဲဝိုင်းမှာ လာ ပြီး ရိုက်ခတ်မှုရှိမယ်၊ ထိခိုက်မှုရှိ မယ်။ ယုံကြည်မှုတွေလည်း ကျ ဆင်းနေတယ်။ အခု လတ်တလောဖြစ်နေတဲ့ကိစ္စမှာ ကြာရင် ယုံ ကြည်မှုအပေါ်မှာ ထိခိုက်ပြီးတော့ ဝေးသထက်ဝေးနိုင်တဲ့ အခြေအ နေတွေလည်း ရှိတယ်ပေါ့။ အဲဒါ ကို အလေးအနက်ထားပြီး စဉ်းစားနိုင်ဖို့ ကြုံရင်ကြုံသလို ပြောခဲ့ပါ တယ်’’ဟု ဦးထွန်းဇော်က ပြော ကြားသည်။
အစိုးရ၏ငြိမ်းချမ်းရေးကော် မရှင်နှင့် UNFC ကိုယ်စားလှယ်အ ဖွဲ့တို့သည် UNFC အဖွဲ့ဝင် အဖွဲ့ အစည်းများ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမှု များဆောင်ရွက်လျက်ရှိရာ ပြီးခဲ့ သည့် နိုဝင်ဘာအတွင်းကUNFC အဖွဲ့ဝင် KIA၊ MNDAA နှင့် TNLAတို့ပါဝင်သော ပူးပေါင်းလက်နက် ကိုင်အဖွဲ့နှင့် တပ်မတော်တို့အ ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှု ကြောင့် ထပ်မံတွေ့ဆုံရန် နှောင့် နှေးလျက်ရှိသည်။
စစ်မှန်ပြီး မျှတသည့် နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးမှုအတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့် ရှိကြောင်း KIA၊ TNLA၊ MNDAA  နှင့် AA တို့က ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ တွေ့ဆုံနိုင်ရေးအတွက် အစိုးရနှင့် ၎င်းတို့အဖွဲ့ကြား ညှိနှိုင်းမှုများရှိသော် လည်း ပြေလည်မှုမရသေးပေ။ ထို့နောက် ဒီဇင်ဘာ ၂၁ ရက်တွင် KIA၊ TNLA၊ MNDAA နှင့် AA တို့က တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးစတင်ရန် ထပ်မံထုတ်ပြန်ကြေ ညာခဲ့သည်။
လက်နက်ကိုင်လေးဖွဲ့၏ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးစတင်ရန် ထုတ်ပြန်ကြေညာချက် နှင့် ပတ်သက်၍ လတ်တလော မှတ်ချက်ပေးရန် မရှိဟု အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေက ဒီဇင် ဘာ ၂၂ ရက်တွင် ပြောကြားထား သည်။
Credit To >>>7 Day Daily

0 comments:

Post a Comment