Monday, December 26, 2016

ပါတီဗဟိုသို့ တိုင်ကြားခံရသည့် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် ၆၀ ခန့်ရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဗဟိုလွှတ် တော်ကိုယ်စားလှယ် တိုင်ကြား စာဌာနသို့ တိုင်ကြားခံထားရ သည့် NLD လွှတ်တော်ကိုယ်စား လှယ် ၆၀ ဦးခန့်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ တိုင်ကြားခံရသူများ မှာ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း နှင့် မန္တလေး စသည့်တိုင်းဒေသ ကြီးများမှ အများဆုံးဖြစ်ပြီး တိုင် ကြားခံရသူများအနက် ၁၀ ဦးခန့် ကို အရေးယူသင့်ကြောင်း ဗဟို အလုပ်အမှုဆောင်အဖွဲ့ထံ အကြံ ပြုခဲ့သည်ဟု NLD ပါတီ လွှတ် တော်ကိုယ်စားလှယ် တိုင်ကြား စာဌာန တာဝန်ခံဒေါက်တာမျိုး ညွန့်က ပြောသည်။
‘‘ကျန်တဲ့နေရာတွေက သူ တို့တိုင်မယ်ဆိုရင်တောင် ကျွန် တော်တို့က လူကိုယ်တိုင်ခေါ်စစ် တာဆိုတော့ အဲဒီဘက်တွေက တိုင်ကြားစာနည်းပါတယ်’’ဟု ၎င်းက ဆိုသည်။

‘‘ကိုယ်စားလှယ် ၆၀ လောက်တိုင်ကြားခံရတာရှိပါတယ်။ တိုင်း က ကိုယ်စားလှယ်တွေက များ တာပေါ့။ သူတို့က လူထုနဲ့ ထိစပ် မှုများတာကိုး။ အထူးသဖြင့်တော့ အမှုဆောင်အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုနည်းတာ၊ ပြည်သူနဲ့ပြောဆိုတဲ့အခါမှာ အုပ်ချုပ်ရေးပိုင်းက လုပ်ကိုင်ရမယ့် အလုပ်တွေကို ဝင်ရောက်ပြီးတော့ လုပ်ကိုင်တာတွေ အဲဒါတွေက များပါတယ်’’ဟု NLD အရန်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သည့် ဒေါက်တာမျိုးညွန့်က ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် များနှင့်ပတ်သက်၍ တိုင်ကြားလာ မှုများရှိပါက တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့ကို ခေါ်ယူမေး မြန်းကြောင်း၊ တင်ပြချက်များကို ကြည့်ပြီး ခိုင်လုံသည့်အချက်အ လက်များရပါက တိုင်ကြားခံရသူ ကို အရေးယူသင့်ကြောင်း၊ မည်ကဲ့ သို့ ပြစ်ဒဏ်မျိုးပေးသင့်ကြောင်း အကြံပြု၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံသို့ တင်ပြကြောင်း၊ အ ရေးယူခြင်းပြု၊ မပြုကို ဗဟိုအမှု ဆောင်အဖွဲ့က ဆုံးဖြတ်ကြောင်း ၎င်းက ရှင်းပြသည်။
တရားရုံးသို့ရောက်နေသည့် အမှုများကို NLD ပါတီအနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် မူဝါဒချမှတ်ထားသည်ဟု ဒေါက် တာမျိုးညွန့်က ဆိုသည်။
‘‘သူတို့က စွပ်စွဲထားတယ်။ ကျွန်တော်တို့က ဒါပြစ်ဒဏ် မမြောက်ဘူး၊ ဘာညာ ကျွန်တော် တို့က လုပ်လိုက်ရင် တရားရုံးရဲ့ တရားစီရင်ရေး တစ်နည်းတစ်ဖုံ အကျိုးသက်ရောက်မှုရှိမှာ ကျွန် တော်တို့စိုးပါတယ်။ တရားရုံးက ပြစ်မှုထင်ရှားစီရင်လိုက်ပြီဆိုရင် ကျွန်တော်တို့ ဆက်ပြီးလုပ်မှာပါ။ ကျွန်တော်တို့ တရားရုံးရောက်တဲ့အမှုကိုတော့ လက်ရှောင်ပါတယ်’’ဟု ၎င်းက ပြောကြားသည်။
ဧရာဝတီတိုင်း မအူပင်မြို့ နယ်တွင် NLD လွှတ်တော်ကိုယ် စားလှယ်အချင်းချင်း ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားမှုနှင့်ပတ်သက် ၍ ပါတီဗဟိုသို့ တင်ပြခြင်းမရှိဘဲ မိမိသဘောဖြင့် တိုင်ကြားခဲ့သူ မအူပင်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးစိန်ဝင်းကို ပါတီ တာဝန်မှ ရပ်ဆိုင်းသည့် အရေးယူ မှုပြုလုပ်ခဲ့သည်။
 ‘‘အဓိကကတော့ လွှတ် တော်ကိုယ်စားလှယ်အချင်းချင်း တိုင်ကြားရင် ပါတီကို အသိပေး အကြောင်းကြားပြီး လိုအပ်မှ ကျွန်တော်တို့က လုပ်ရပါတယ်။ သူက လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပေမယ့် ပါတီရဲ့ပုံရိပ်ထိခိုက် မယ်။ ပြည်သူလူထုအနေနဲ့ ကျွန် တော်တို့ ပါတီအပေါ်မှာ အထင် အမြင်လွဲမှားနိုင်ရင် ဒါထိန်းထိန်း သိမ်းသိမ်းလုပ်ရပါတယ်။ ကျွန် တော်တို့က အဖွဲ့လိုက်လုပ်တဲ့အ ခါကျတော့ တစ်ဦးချင်း စိတ်ဆန္ဒ နဲ့ လုပ်လို့မရပါဘူး။ ဗဟိုရဲ့ ညွှန် ကြားချက်ကို တိတိကျကျလိုက် နာဖို့ ပျက်ကွက်တဲ့အတွက် တာဝန်ကနေ ရပ်ဆိုင်းပြီး အရေးယူလိုက်တာဖြစ်ပါတယ်’’ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။
ထို့အပြင် လူမှုရေးကိစ္စဖြင့် ဝေဖန်ခံခဲ့ရသည့် မြောင်းမြပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ၊ ရွှေပြည်သာ မြို့နယ်ရှိ မိုတယ်တစ်ခု၌ ဝန်ထမ်း များအား ဆဲဆိုကြိမ်းမောင်းသည် ဆိုကာ ရဲစခန်းတွင် အမှုဖွင့်ခံခဲ့ရ သည့် ရွှေပြည်သာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းတို့ကိုလည်း NLD၏ တာဝန်အသီးသီးမှ ရုပ်သိမ်းခဲ့သည်။
လက်ရှိတွင်လည်း မွန်ပြည် နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီးရှိ လွှတ်တော်ကိုယ်စားလှယ်များက တိုင်ကြားထားမှုအပေါ် လေ့လာသုံးသပ်ရန် ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ခေါင်းဆောင်သည့် လေ့လာသုံး သပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး နှစ်ဖက်မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ များကို တိုင်ကြားထားမှုနှင့်ပတ် သက်၍ အရေးယူခြင်းပြု၊ မပြု ဆက်လက်ဆုံးဖြတ်နိုင်ရန် လေ့ လာသုံးသပ်ရေးအဖွဲ့ တွေ့ရှိချက် ကို ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ တင်ပြထားကြောင်း သတင်းရရှိသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment