Monday, December 26, 2016

မြိတ်ကျွန်းစုများသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်မှု မြင့်တက်လာ

Image may contain: swimming, outdoor, water and nature
မြိတ်ကျွန်းစုများသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်မှုမြင့်တက်လာလျက်ရှိတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကသိရပါတယ်။


နာနတ်သီးကျွန်း၊ ၁၁၅ကျွန်း၊ ညောင်ဝီးကျွန်း၊ ဗိုလ်ချိုကျွန်း၊လန်ပိကျွန်း၊ ၀အလယ်ကျွန်း၊ မြောက် တော်ဝင်ကျွန်း၊ လငန်းကျွန်း၊စူလာခမောက်ကျွန်း၊ Tower Rock ကျွန်း၊ မီးစိမ်းကျွန်း၊ ကျွန်းဖီလာ ကျွန်း၊ ငါးမန်းကျွန်း၊ လှိုဏ်ဂူကျွန်း၊ ခရင်းခွကျွန်း၊ အောက်ကျွန်းနီကျွန်း၊စေတန်ကျွန်းများဆီသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်မှုများပြားလျက်ရှိတယ်လို့ သိရပါတယ်။

ယမန်နှစ် နိုဝင်ဘာလမှာ စက်တပ်ရွက်လှေ ၅၉ စီး၊ ကမ္ဘာလှည့်ခရီးသွား ၄၉၄ ဦးလာရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာမှာ စက်တပ်ရွက်လှေ ၆၈စီး၊ ခရီးသွား (၅၉၁)ဦး လာရောက်လည်ပတ်ခဲ့တာကြောင့် ခရီးသွားလာရောက်မှုမြင့်တက်လာပါတယ်။
၂၀၁၅ တစ်နှစ်လုံးမှာ စက်တပ်ရွက်လှေ ၃၉၆ စီး၊ ကမ္ဘာလှည့်ခရီးသွား ၃၂၇၀ ဦးဝင်ရောက်ခဲ့ပြီး ၂၀၁၆ ဇန်န၀ါရီလမှ နိုဝင်ဘာအထိ စက်တပ်ရွက်လှေ ၃၉၃ စီး၊ ကမ္ဘာလှည့်ခရီးသွား ၃၂၀၁ ဦး ၀င်ရောက်ခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သွားရောက်လည်ပတ်ဖို့ ခွင့်ပြုထားတဲ့ ကျွန်းများသို့လည်းသွားရောက်ကာ အပန်းဖြေခြင်း၊ ငါးမျှားခြင်း၊ ရေငုပ်၍ ရေအောက်ရှုခင်းများကြည့်ရှုခြင်း၊ ဆလုံတိုင်းရင်းသားများဆီသို့သွားရောက်ခြင်းတို့ကို လည်ပတ်လေ့လာလျက်ရှိပါတယ်။

တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုက ကျွန်းပေါင်း ၈၀၀ကျော်ဖြင့် ဖွဲ့စည်းထားပြီး အမြဲစိမ်းသစ်တော၊ ဒီရေတော၊ သဲခုံတောများ၊ သန္တာကျောက်တန်းများတည်ရှိကာ ပင်လယ်နေသတ္တ၀ါမျိုးစိတ်မြောက်မြားစွာ နေထိုင်ကျက်စားနေပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment