Wednesday, June 15, 2016

Apple ကုမ္ပဏီက အဆင့်မြှင့်တင်ထားတဲ့ iOS ၊ macOS နဲ့ watchOS တွေကိုထုတ်ဖော်ပြသ

အမေရိကန် ထိပ်တန်း နည်းပညာကုမ္မဏီကြီး Apple ဟာ ယင်းရဲ့ ထုတ်
ကုန်ပစ္စည်းတွေမှာ အသုံးပြုထားတဲ့ OS စနစ်တွေကို အသစ်တဖန်
update လုပ်ပေးထားလိုက်ပြန်ပြီဆိုတဲ့ အကြောင်းကို ဇွန်လ ၁၃ ရက်က
ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ iOS ၊ watchOS ၊ tvOS နဲ့ macOS တို့လို Operation System တွေမှာ အဆင့်မြင့်တင်ထားတာတွေဟာ
ဆိုရင် မကြာမီ ထွက်ရှိလာတော့မှာဖြစ်တယ်လို့ Apple ကုမ္ပဏီက
ထုတ်ဖော်သွားပါတယ်။
အမေရိကန် နည်းပညာကုမ္ပဏီရဲ့အဆိုအရတော့ macOS ရဲ့ နောက်ဆုံး
ဗားရှင်း၊ watchOS 3 နဲ့ Apple TV ဆော့ဝဲတွေကို အဆင့်မြှင့်တင်ထား
တာတွေကို အခမဲ့ အသုံးပြုခွင့်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။
Apple ကုမ္မဏီရဲ့ ဆော့ဝဲ နည်းပညာ ဌာနမှ ဒုဥက္ကဌ Craig Federigh
က နောက်ထွက်ရှိလာတော့မယ့် iOS 10 ကို Worldwide Developer Conference (WWDC) အခမ်းအနားမှာ ထုတ်ဖော်ပြသသွားခဲ့ပြီးတော့
ယင်းဟာ အကြီးမားဆုံးသော ထုတ်ဖော်ပြသမှုတစ်ခုဖြစ်တယ်လို့
ဆိုသွားခဲ့ပါတယ်။
ကုမ္ပဏီရဲ့ ဗားရှင်းသစ်တွေထဲမှာ ယင်းရဲ့ မက်ဆေ့ခ်ျ အက်ပလီကေးရှင်းကို
အဆင့်မြှင့်တင်ပေးထားတာ ပါဝင်နေပါတယ်။ အလားတူ Apple Maps
နဲ့ Apple Music တွေကို ပြန်လည် ဒီဇိုင်းဆွဲထားပေးတာတွေလည်း
ပါရှိလာမှာဖြစ်ပါတယ်။
" iOS 10 ဟာဆိုရင် ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ထုတ်ဖော်ပြသမှု
တစ်ခုဖြစ်ခဲ့ပါပြီ၊ ဂီတ၊ မြေပုံ နဲ့ သတင်းအက်ပလီကေးရှင်းတွေကိုလည်း လှလှပပပြန်ဒီဇိုင်းဆွဲထားပေးတဲ့အတွက်ကြောင့် ခင်ဗျားတို့အနေနဲ့
ခင်ဗျားတို့ရဲ့ iPad နဲ့ iPhone တွေကို ပိုပြီးတော့ ကြိုက်လာကြမှာဖြစ်
ပါတယ်" ဆိုပြီး Mr Federighi က ပြောကြားသွားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment