Friday, September 4, 2015

YCDC က ကြော်ငြာဆိုင်းဘုတ် ၁၃၀ ကျော် ထပ်မံငှားရမ်းမည်


ရန်ကုန်မြို့တွင်စီးပွားရေး  လုပ်ငန်းများ အားကောင်းလာသ ဖြင့် မြို့နယ် ၂၄ မြို့နယ်တွင် ကြော်ငြာဆိုင်းဘုတ် ၁၃၀ ကျော် ထပ်မံ ငှားရမ်းပေးမည်ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီမှ သတင်းရရှိသည်။

ယခုဘဏ္ဍာနှစ်အတွက် ပြီးခဲ့သည့် ဇွန်လက လမ်းဆုံလမ်းခွ ၆၃ နေရာတွင် ကြော်ငြာဆိုင်း ဘုတ်များကို စည်ပင်က စတင်ငှားရမ်းခဲ့ရာမှ ယခုထပ်မံငှားရမ်းရန် စီစဉ်နေခြင်းဖြစ်သည်။
ယခုထပ်မံခွင့်ပြုမည့် ဆိုင်း ဘုတ်များမှာ သာကေတ၊ လှိုင် သာယာ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ အစရှိသော မြို့နယ်များတွင် အ များဆုံးဖြစ်ပြီး ယခင်ခွင့်ပြုသည့် ပုံစံအတိုင်း ၄၅ ပေ-၁၅ ပေဆိုက် များ ခွင့်ပြုပေးမည်ဖြစ်သည်။
ယခင်နှစ်များက ကြော်ငြာ ဆိုင်းဘုတ်များကို အရွယ်အစား သုံးမျိုးထက် မနည်း ကြော်ငြာခွင့် ပြုသော်လည်း မြို့အင်္ဂါရပ်နှင့် ညီစေရန် ဆိုဒ်တစ်မျိုးတည်းသာ ခွင့်ပြုခဲ့သည်။
ကြော်ငြာ ဆိုင်းဘုတ် လျှောက်ထား လိုသူများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ ရှင်၏ ခွင့်ပြုချက်၊ ပုဂ္ဂလိကစက်မှု လုပ်ငန်းမှတ်ပုံတင် လက်မှတ်၊ ကုမ္ပဏီမှတ်ပုံတင်၊ စည်ပင်သာ ယာလိုင်စင်တို့ဖြင့် လျှောက်ထား ရမည်ဖြစ်သည်။
ယခုကဲ့သို့ အရေအတွက် ထပ်မံတိုးမြှင့်ရခြင်းမှာ ပြီးခဲ့သည့် နှစ်က လမ်းဆုံလမ်းခွများ၌ အ ရွယ်အစားမညီသဖြင့် ထောင်နှင့် ချီ ဖျက်သိမ်းခဲ့သည့် ဆိုင်းဘုတ် များနေရာတွင် အစားထိုးရန် ရည် ရွယ်ခြင်းဖြစ်နိုင်ကြောင်း ကြော် ငြာလုပ်ငန်းရှင် ဦးဆွေဝင်းနိုင်က သုံးသပ်သည်။
‘‘လုပ်ငန်းရှင် တော်တော် များများက မြို့တွင်းပိုင်းကို ပိုပြီးအားသန်ကြတယ်။ မြို့စွန်တွေက ပျံ့နှံ့မှုအားနည်းလို့ပြီးတော့ အခု ဆို စည်ပင်က တိုက်ရိုက်ငှားတဲ့အ တွက် စီးပွားရေး လုပ်ငန်းရှင် ကြော်ငြာတွေ အရင်နှစ်ဆင့်ပြန် ငှားစရာမလိုတော့ဘူး။ စရိတ် တော်တော်သက်သာသွားတယ်’’ ဟု ၎င်းကဆိုသည်။
ယခု ကြော်ငြာငှားရမ်းပေး မည့်နေရာတွင် မြန်မာ့ရိုးရာယဉ် ကျေးမှုနှင့် ဆန့်ကျင်သည့် ပုံစံမျိုး ကို လုံးဝခွင့်ပြုမည် မဟုတ်ဘဲ ကြော်ငြာဆိုင်းဘုတ်ဒီဇိုင်းများကို ပြန်လည်ပြင်ဆင်လိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အသိပေးအကြောင်းကြားရမည်ဖြစ်ကြောင်း သိရ သည်။

Credit To >>> 7Day News 

0 comments:

Post a Comment