Tuesday, December 17, 2013

ရှမ်းရွာလူကြီးများအား အိပ်ရာလိပ်ယူ၍ လာခဲ့ကြရန် KIA မှ ခြိမ်းခြောက်ဆင့်ခေါ်


ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာတစ်ဝိုက်ရှိ ရှမ်းရွာ ၁၄ ရွာမှ ရှမ်းလူကြီးများအား ကိုယ့်အိပ်ရာလိပ် ကိုယ်ယူ၍ လာခဲ့ကြရန် KIA မှ ခြိမ်းခြောက်ဆင့်ခေါ်လိုက်တယ်လို့ မန်စီမှ ပေးပို့လာသော နောက်ဆုံးသတင်းများအရ သိရှိရသည်။

မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာတစ်ဝိုက်မှာရှိတဲ့ ကွက်လုံ၊ တန်ခမ်း၊ ကုန်းခမ်း၊ နောင်မွန်၊ နန့်ဟီး၊ ဆွန်ခါး၊ မန်အိုက်တိုက်၊ နောင်စွဲ၊ မန်ဖြတ် စတဲ့ ရှမ်းရွာ ၁၄ ရွာအား တစ်ရွာလျှင် ၁၅ ယောက်စီ ပေးပို့ရန် KIA မှ ခြိမ်းခြောက်ဆင့်ခေါ်စာကို ဒီဇင်ဘာလဆန်းပိုင်းလောက်က ရှမ်းလူကြီးများထံ ပေးပို့ထားခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးမှ ပြောဆိုသည်။

ဆွေးနွေးညှိနှိုင်းကြတဲ့အခါ ဘယ်သူမှ မလိုက်ချင်တဲ့အတွက် KIA မှ ၁၅ ယောက်မပေးနိုင်လျှင် ၁၀ ယောက် ပေးပို့ရန်၊ ၁၀ ယောက်လည်း မဖြစ်နိုင်တဲ့အတွက် ၅ ယောက်ပေးပို့ရန်၊ ၅ ယောက်လည်း မဖြစ်နိုင်တဲ့အတွက် နောက်ဆုံး အဆိုပါ ရှမ်းရွာ ၁၄ ရွာမှ ရှမ်းလူကြီးများကို ကိုယ့်အိပ်ရာလိပ် ကိုယ်ယူ၍ လာခဲ့ကြရန် KIA မှ ခြိမ်းခြောက် ဆင့်ခေါ်စာ ပေးပို့လိုက်တယ်လို့ နောက်ဆုံး သိရှိထားရပါသည်။

ဧရာဝတီမြစ်ဖျားဆီက

0 comments:

Post a Comment