Monday, December 26, 2016

မွန်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးတို့ကို မေးမြန်းထားမှု ဒီချုပ်ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံသို့ တင်ပြထားဟုဆို

 မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို ခေါ်ယူတွေ့ဆုံကာ မေးမြန်းထား သည့် တွေ့ရှိချက်များကို ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ တင်ပြထားကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး မင်းမင်းဦး၊ တနင်္သာရီတိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုဥက္ကဋ္ဌ ဦးကြည်စိုးတို့သည် တိုင်ကြားခံထားရမှုများ ရှိသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး တိုင်ကြားခံရသူများကို ခေါ်ယူတွေ့ဆုံ မေးမြန်းထားခြင်းဖြစ် သည်။

‘‘ခေါ်တွေ့ပြီး မေးမြန်းထား တဲ့ လေ့လာတွေ့ရှိချက်တွေကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြီးခဲ့တဲ့ ကြာသပတေး (ဒီဇင်ဘာ ၂၂ ရက်)က တင်ပြလိုက်ပြီ’’ဟု လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်း ဆောင် ဦးဉာဏ်ဝင်းကဆိုသည်။
 လေ့လာသုံးသပ်ရေးအဖွဲ့ က တင်ပြလာသော တွေ့ရှိချက် များအပေါ် မူတည်၍ ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ဆုံးဖြတ်ချက် များ ချမှတ်မည်ဟု လေ့လာသုံး ရေးအဖွဲ့ဝင်များထံမှ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အစည်းအဝေးကို လစဉ်ကျင်းပလေ့ရှိကာ လာမည့် ရက်သတ္တပတ်အတွင်း ကျင်းပရန် ရှိနေပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် နှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ ကိစ္စကို ထည့်သွင်းဆွေးနွေးရန် ရှိ၊ မရှိမသိရသေးကြောင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်သည့် ဦးဉာဏ်ဝင်းကပြောသည်။
လေ့လာသုံးသပ်ရေး အဖွဲ့သည် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို ဒီဇင် ဘာ ၁၁ ရက်က ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်သို့ ခေါ်ယူမေးမြန်းခဲ့ သည်။
မွန်ပြည်နယ် ၀န်ကြီးချုပ်ကို တိုင်ကြားထားသည့် အချက်များရှိ နေသော်လည်း လက်ရှိတွင် ထုတ်ပြော၍ မရသေးကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့သည်လည်း လွှတ်တော်ရေးရာ အကြောင်းများဖြင့် တိုင်ကြားခံရခြင်းဖြစ် ကြောင်း လေ့လာသုံးသပ်ရေးအ ဖွဲ့ဝင် ဦးကျော်ဟိုးထံမှသိရသည်။မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးရှိ ကိစ္စရပ်များကို လေ့လာ၍ တွေ့ရှိချက်များ သုံးသပ်တင်ပြနိုင်ရန် လေ့လာသုံးသပ်ရေးအဖွဲ့ကို နိုဝင်ဘာအတွင်း ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့သည်။
အဖွဲ့ခေါင်းဆောင်မှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့ ပါဝင်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment