Monday, December 26, 2016

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းအဖွဲ့များ ဒီဇင်ဘာလကုန်တွင် တွေ့ဆုံမည်

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်းလက် နက်ကိုင်ပူးပေါင်းအဖွဲ့များ ဒီဇင် ဘာလကုန်တွင် တွေ့ဆုံမည်ဖြစ် ကြောင်း သတင်းရရှိသည်။

 တွေ့ဆုံဆွေးနွေးနိုင်ရန် ကော်မရှင်ဘက်က ဆက်သွယ် အကြောင်းကြားထားပြီး မြောက်ပိုင်း မဟာမိတ်ပူးပေါင်းအဖွဲ့ ဘက်ကလည်း သဘောတူထား ကြောင်း တအာင်းအဖွဲ့ (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ပြော သည်။

‘‘ကျွန်တော်တို့နှစ်ဖက် အဲဒီ လို ညှိနှိုင်းနေပါတယ်။ ဒါပေမဲ့ အသေးစိတ် ဘယ်နေ့ဘယ်ရက် ဆိုတာတော့ မသိရသေးဘူး’’ဟု TNLA အထွေထွေအတွင်းရေးမှူး က ဆိုသည်။
တွေ့ဆုံဆွေးနွေးမည့် ပုံစံ အပါအဝင် အသေးစိတ်ကို ညှိ နှိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
 ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ကော်မရှင်ဘက်မှ ဦးသိန်းဇော်၊ ဦးခင်ဇော်ဦးနှင့် ဦးအောင်စိုးတို့ တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေ သော်လည်း အသေးစိတ်ကိုမူ မသိရှိသေးကြောင်းပြောသည်။
ငြိမ်းချမ်းရေး ကော်မရှင်နှင့် ကချင်၊ တအာင်း၊ ကိုးကန့်၊ ရခိုင်လက်နက်ကိုင် စသည့် မြောက်ပိုင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့များ ဒီဇင်ဘာ ၂ ရက်က တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း တွေ့ဆုံမည့် အဖွဲ့အရေအတွက်နှင့် ပတ်သက်၍ ညှိနှိုင်းမှု မပြေလည်ခဲ့ခြင်းကြောင့် ဆွေးနွေးမှု ပျက်ပြယ်ခဲ့ သည်။
မြောက်ပိုင်း လက်နက်ကိုင် ပူးပေါင်းအဖွဲ့က မူဆယ်နယ်စပ် ကုန်သွယ်ရေး ဒေသနှင့် မုံးကိုး ဒေသများကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ မှုကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး  အရပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment