Monday, December 26, 2016

မန်လွယ်နှင့် နမ့်ဖလွန်းကြား ကားလမ်းမကြီးပေါ်၌ တပ်မတော်စစ်ကြောင်းနှင့် KIA လက်နက်ကိုင်အဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ မန်လွယ်နှင့်နမ့်ဖလွန်းကြား ကားလမ်းမကြီး ပေါ်၌ KIA လက်နက်ကိုင်အဖွဲ့က
မော်တော်ယာဉ်များအား ပိတ်ဆို့ထားသဖြင့် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်းသတင်းအရ တပ်မတော်စစ်ကြောင်းနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၆ နာရီခန့်တွင် အဆိုပါနေရာသို့ သွားရောက်ရှင်းလင်းရာ KIA လက်နက်ကိုင် အင်အား ၁ဝ ဦးခန့်က လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပူးပေါင်းအဖွဲ့က ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာ လက်နက်ကိုင်များ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်တစ်ဦး နိုင်ငံတော်အတွက် အသက် ပေးလှူခဲ့ရပြီး တပ်မတော်စစ်ကြောင်းနှင့်ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့က လက်နက်ကိုင်အဖွဲ့များ ဆုတ်ခွာရာနောက်သို့ လိုက်လံ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment