Friday, July 1, 2016

ထိုင်ဝမ် Trans Asia လေယာဉ်ပျက်ကျမှုသည် လေယာဉ်မှူးအမှားကြောင့်ဖြစ် သည်ဟု စစ်ဆေးရေးအစီရင်ခံစာထုတ်ပြန်

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က ခရီးသည် ၄၃ ဦးသေဆုံးခဲ့ ရသောTrans Asia Airways လေ ယာဉ်ပျက်ကျရခြင်းသည် လေယာဉ် မှူး၏ မှားယွင်းမှုကြောင့်ဖြစ်ရသည် ဟု ထိုင်ဝမ်လေကြောင်းအရာရှိများ က ဇွန် ၃၀ ရက် သတင်းစာရှင်းလင်း ပွဲ၌ လေယာဉ်ပျက်စုံစမ်းမှု နောက် ဆုံးအစီရင်ခံစာ ထုတ်ပြန်ကာ ပြော ကြားလိုက်သည်။
ပျံသန်းမှုခရီးစဉ်GE 235 လေယာဉ်အင်ဂျင်မီးလောင်၍ လေ ယာဉ်မှူးက အင်ဂျင်အား ပိတ်ပစ်ခဲ့ လိုက်ကြောင်း ထိုင်ဝမ်မြို့ပြလေကြောင်း ဘေးအန္တရာယ်ကင်းရှင်းရေး ကောင် စီက အစီရင်ခံစာ၌ ဖော်ပြခဲ့သည်ဟု ကောင်စီအမှုဆောင် ဒါရိုက်တာ သောမတ်စ်ဝန်က ပြောဆိုလိုက် သည်။
လေယာဉ်မှူးက ၎င်းင်း၏အမှား ကို ချက်ချင်းသိလိုက်သော်လည်း ပြင်ဆင်ချိန်မရလိုက်ဘဲ လေယာဉ် သည် ခရီးသည် ၅၃ ဦး၊ လေယာဉ် အမှုထမ်း ငါးဦးတို့နှင့်အတူ ကီလင်း မြစ်အတွင်း ပျက်ကျသွားခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းင်းကပြောကြားလိုက် သည်။
Credit To >>> Democracy Today

0 comments:

Post a Comment