Friday, July 1, 2016

ရခိုင်ပြည်နယ်မှ လ၀က အရာရှိ ၅၀ ကျော် အပြောင်းအရွှေ့ ပြုလုပ်

ရခိုင်ပြည်နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင် လျက်ရှိသော လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး အဆင့် အရာရှိ(၅၇) ဦးကို တာဝန် ပြောင်းရွှေ့မှုများပြုလုပ် ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

အဆိုပါ လူဝင်မှုကြီးကြပ်ရေးမှူးများကို ဇွန်လ(၂၈)ရက်နေ့က ပြုလုပ်သော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီးရုံး(အမှုထမ်းအ ဆင့်)ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု ကော်မတီအစည်း အဝေး ဆုံဖြတ်ချက်ဖြင့် ပြောင်းရွေ့တာဝန် ထမ်းဆောင်စေခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထွန်းဦးကဆိုသည်။
ယခင်အစိုးရလက်ထက်တွင် လူမျိုးရေးပြဿနာ ဖြစ်ပွားမှုများ ရှိခဲ့သော ရခိုင်ပြည် နယ်အတွင်း လ၀ကအရာရှိ များကို အစိုးရသစ်က ပထမဆုံးအကြိမ် အပြောင်းအရွှေ့ပြုလုပ်ခြင်းလည်းဖြစ်သည်။
သို့သော်လည်း ဦးရဲထွန်းဦးကမူ “ဝန်ထမ်းတွေတစ်နေရာနဲ့တစ်နေရာ တာဝန်ပြောင်းရွှေ့ထမ်းဆောင်ရတာ ပုံမှန်ဖြစ်ပါတယ်”ဟု တုံ့ပြန်ပြောဆိုသည်။
ထို့အပြင် ရခိုင်ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးမှူးများကို နေရာအပြောင်း အရွှေ့များ ပြုလုပ်ခြင်းသည် ရခိုင်ပြည် နယ်အတွင်း နေထိုင်သောသူများ ကို နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြု့ခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ဖွဲ့စည်းမှုနှင့်လည်း သက်ဆိုင်မှုမရှိကြောင်း ဦးရဲထွန်းဦးက ဆိုသည်။
အလားတူ နိုင်ငံတော်သမ္မတဦးထင်ကျော် ဦးဆောင်သော အစိုးရသစ်လက် ထက်၌ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြို့နယ်အဆင့်မှ ခရိုင်အဆင့် ထိ အုပ်ချုပ်ရေးမှုးများကိုလည်း တာဝန်ပြောင်းရွှေ့မှုများ ပြုလုပ်လျက်ရှိသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment