မော်တော်ယာဉ်များကို သက်တမ်းတိုးပြီး မှတ်ပုံတင်ထား ကြောင်း သိသာစေရန် စစ်ဆေး ပြီးအမှတ်အသား (Inspection Sticker)များ ကပ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
 စတစ်ကာတပ်ဆင်မည့်ပစ္စည်းများ မကြာမီရောက်ရှိလာမည်ဖြစ်၍  ယခုလကုန်တွင် သက်တမ်းလာတိုးသည့် ကားများအားစတင်ကပ်နိုင်ရန် စီစဉ်မည်ဟုဆိုသည်။
စတစ်ကာများ တပ်ဆင်ထားပါက ယာဉ်များကို ခွဲခြားသိသာနိုင်မည်ဖြစ်ပြီး သက်တမ်းတိုးထားခြင်း ရှိ၊မရှိနှင့် လိုင်စင်မဲ့ကား ဟုတ်၊မဟုတ်ဖော်ထုတ်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခင်က သက်တမ်းတိုး ထားခြင်းရှိ၊မရှိကို မော်တော် ယာဉ်၏ အုံနာဘုတ်နှင့် ယာဉ်လိုင် စင်တို့ကိုသာကြည့်၍ စစ်ဆေးရ သဖြင့် ယခုကဲ့သို့ စတစ်ကာတပ်ဆင်လိုက်ပါက စစ်ဆေးရန် လွယ်ကူမည်ဖြစ်သည်။
Inspection စတစ်ကာကို ကား၏ ညာဘက်ထောင့်တွင် ယာဉ်မှတ်ပုံတင်သက်တမ်းတိုး စဉ်တပ်ဆင်ပေးမည်ဖြစ်သည်။
စတစ်ကာ၏သက်တမ်းမှာ တစ်နှစ်သာရှိပြီး ယာဉ်မှတ်ပုံတင်သက်တမ်းတိုးခြင်းမှာ ၂နှစ်မှ တစ်ကြိမ်သာပြုလုပ်ရခြင်းဖြစ်သောကြောင့် အဆိုပါသက်တမ်းကိစ္စကို ပြန်လည်ညှိနှိုင်းရမည်ဖြစ် ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးကပြောသည်။
စတစ်ကာများကို ကညနက အခမဲ့ တပ်ဆင်ပေးမည်ဖြစ်ကြောင်း  ၎င်းက ပြောသည်။
 အဆိုပါစတစ်ကာသည် နည်းပညာမြင့်ပြီး ဈေးကြီးသဖြင့်ဥရောပနိုင်ငံများတွင် အသုံးများကြောင်း မြမြင့်မိုရ်အရောင်းပြခန်း ပိုင်ရှင် ဦးမြင့်မိုရ်ကပြောသည်။
Credit To >>> 7 Day Daily
 
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment