Tuesday, December 6, 2016

ယခုနှစ်တွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဒေသသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည် နှစ်ဆခန့်မြင့်တက်

ယခုနှစ်အတွင်း ဧရာ ၀တီလင်းပိုင် ထိန်းသိမ်းစောင့် ရှောက်ရေးဒေသသို့ လာရောက် လေ့လာသည့် နိုင်ငံခြားသားခရီး သွားဧည့်သည်ဦးရေသည် ယခင် နှစ်ထက် နှစ်ဆခန့်မြင့်တက်လာ ကြောင်း ဧရာဝတီလင်းပိုင်ထိန်း သိမ်းစောင့်ရှောက်ရေးနှင့် အကျိုး တူငါးဖမ်းရေလုပ်သားအဖွဲ့မှ သ တင်းရရှိသည်။

‘‘ဒီနှစ်အတွင်းမှာ နိုင်ငံခြား သားခရီးသွားဧည့်သည် ၀င် ရောက်မှု နှစ်ဆလောက်အထိ မြင့်တက်လာတာကိုတွေ့ရပါ တယ်။ ပြည်တွင်းခရီးသွားတွေ၊ ဧည့်လမ်းညွှန်တွေကို ထည့်မတွက် ဘဲနဲ့ဆိုရင် ဒီနှစ် နိုဝင်ဘာအထိ နိုင်ငံခြားသား ဧည့်သည် ၅၃ ဦး အထိ လာရောက်လည်ပတ်မှုရှိခဲ့ ပါတယ်’’ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အကျိုးတူ ငါးဖမ်းရေလုပ်သားအ ဖွဲ့ခေါင်းဆောင် ဦးမောင်လေးက ပြောသည်။

၂၀၁၅ အတွင်း ဧရာဝတီ လင်းပိုင် ထိန်းသိမ်းစောင့်ရှောက် ရေးဒေသသို့ နိုင်ငံခြားသားခရီး သွားဧည့်သည် ၃၀ ဦးသာ လာ ရောက်လည်ပတ်သော်လည်း ယခုနှစ်အတွင်း နိုဝင်ဘာအထိ နိုင်ငံခြားသားခရီးသွားဧည့်သည် ၅၃ ဦးအထိ လည်ပတ်ခဲ့၍ နှစ်ဆ ခန့်တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

‘‘၂၀၁၆ မေလကစပြီး ဟို တယ်နဲ့ခရီးဝန်ကြီးဌာနက ဧရာဝ တီလင်းပိုင် ထိန်းသိမ်းစောင့် ရှောက်ရေး ဧရိယာအတွင်းရှိ ကျေးရွာတွေမှာ ရပ်ရွာလူထုအ ခြေပြု ခရီးသွားလုပ်ငန်းအဖြစ် စ တင်အကောင်အထည်ဖော်ပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက်မှုနှုန်း မြင့် တက်လာတာဖြစ်ပါတယ်’’ဟု ဦး မောင်လေးက ရှင်းပြသည်။

ဧရာဝတီလင်းပိုင် ထိန်း သိမ်းစောင့်ရှောက်ရေး ဧရိယာအ တွင်း ဆီသည်၊ မြစ်ကမ်းကြီး၊ စိန်ပန်းကုန်း၊ မြေစွန်း၊ အေး ကျွန်း၊ ဆင်ကျွန်းကျေးရွာတို့ပါဝင် ပြီး အကျိုးတူငါးဖမ်းရေလုပ်ငန်း အဖွဲ့တွင် အဖွဲ့ဝင် ၅၃ ဦးရှိကာ ငါးဖမ်းခြင်းလုပ်ငန်းအပြင် ဧရာဝ တီလင်းပိုင်များ လာရောက်လေ့ လာသည့် နိုင်ငံခြားသားများကို လှေဖြင့်လိုက်လံပြသခြင်းမှ အပို ၀င်ငွေများ ရရှိလျက်ရှိကြောင်း သတင်းရရှိသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment