
အိန္ဒိယနိုင်ငံရှိ နာမည်ကျော် အမေရိကန်အခြေစိုက် KFC ကြက်ကြော်ဆိုင်တွင် စားသုံးသူများမှ ဖုန်းဘက်ထရီ အားမလုံလောက်သည့်ပြဿနာ ဖြေရှင်းနိုင်ရန် ဆိုင်အတွင်း၌ Power Bank များတပ်ဆင်ကာ ၀န်ဆောင်မူ ပေးလျက်ရှိကြောင်း Android Authority သတင်းဌာနတွင်ဖော်ပြထားသည်။ Power Bank ရရှိရန် ရူပီး ၁၅၀ (ကန်ဒေါ်လာ ၂.၂၀) တန် 5 in 1 တစ်ပွဲစားသုံးမှသာ Power Bank အားထည့်သွင်းပေးမှာဖြစ်ကြောင်းသိရ သည်။
အဆိုပါ Power Bank ၀န်ဆောင်မူအား Watt a Box ဟုအမည်ခေါ်တွင်စေပြီး စမတ်ဖုန်းနှစ်လုံး အားပြည့်သည် အထိ သွင်းယူနိုင်ရန် 6100 mAh ပမာဏထည့်သွင်းပေးထားကြောင်းသိရသည်။ Power Bank အား KFC တံဆိပ်ကပ်ထားသော ဘူးအတွင်းထည့်သွင်းပေးထားပြီး ဖြုတ်နိုင် ပြန်တပ်နိုင်ပြီး အားပြန်သွင်းနိုင်သည့် ဘက်ထရီများအားအသုံးပြုပေးထားကြောင်းသိရသည်။
အဆိုပါ Power Bank ၀န်ဆောင်မူအား ဒေလီနှင့်မွန်ဘိုင်း ရှိ KFC ဆိုင်များတွင်စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရပြီး ယင်းမြို့ နှစ်မြို့ရှိဆိုင်များတွင် စားသုံးသူများတခဲနက်အားပေးချက်ရှိကြောင်း Android Authorities သတင်းဌာန တွင် ဖော်ပြထားသည်။
Credit To >>> Democracy Today
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment