Friday, July 1, 2016

ရက် ၁ဝဝ အတွင်း ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ

ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ ရက် ၁ဝဝ စီမံချက် ကာလအတွင်း ဆောင်ရွက်အကောင် အထည်ဖော်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ဆရာ့နာမည်နှင့် ရာထူးသိချင် ပါတယ်။
ဖြေ။ ကျွန်တော့်နာမည်က ဦးအောင်မျိုးနိုင်၊ ဒေးဒရဲမြို့နယ် အုပ်ချုပ်ရေးမှူးပါ။
မေး။ ဆရာတို့ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အနေနဲ့ရက် ၁ဝဝ အတွင်းမှာ ဆောင်ရွက်မယ့် လုပ်ငန်းနဲ့အရေအတွက်ကို သိချင်ပါတယ်။
ဖြေ။ ရက် ၁ဝဝအတွင်း ဒေးဒရဲမြို့ နယ်အတွင်းမှာရှိတဲ့ ဆင်ကူးကျေးရွာကို ကျေးရွာမြေငှားဂရန်ထုတ်ပေးဖို့ဆောင်ရွက်နေပါတယ်။
မေး။ လုပ်ငန်းဆောင်ရွက်မယ့်အခြေ အနေကို သိချင်ပါတယ်။
ဖြေ။ ကျေးရွာမြေငှားဂရန်ထုတ်ပေး မယ့်လုပ်ငန်းမှာ ကျွန်တော်တို့ဒေးဒရဲ မြို့နယ်အတွင်းမှာရှိတဲ့ နိုင်ငံတော် အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေကိုရက် ၁ဝဝ အတွင်း မြေငှားချထားခြင်း နဲ့ပတ်သက်ပြီး အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ ၄၁ မှ ၄၉(ခ)အထိ ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေများနဲ့အညီ ကျေးလက်နေ ပြည်သူတွေ ပိုင်ဆိုင်နေထိုင်ကြတဲ့ အိမ်၊ ခြံ၊ မြေကွက်တွေကို သတ်မှတ် ကာလအပြီး မြေငှားဂရန် (မြေငှားစာချုပ်)ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက် တဲ့နေရာမှာလည်း ကျွန်တော်တို့က မြို့နယ်၊ ကျေးရွာမြေငှားဂရန်ထုတ် ပေးရေးအဖွဲ့နဲ့ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးလုပ်ငန်း အဖွဲ့တွေက ဆင်ကူးကျေးရွာကို ရွေးချယ်သတ်မှတ် ပြီး သတ်မှတ်ချက်နဲ့အညီ မှတ်ပုံတင် ပြုလုပ်ခြင်း၊ ပုံစံ(၆/၆၆)ပြုလုပ်ပေး ခြင်း၊ မြေစာရင်းပုံစံများ၊ မှတ်တမ်း များ၊ ဂရန်အမှုတွဲပုံစံများ၊ တံဆိပ် ခေါင်းများ ကြိုတင်ပြင်ဆင်ခြင်း၊ ကျေးရွာအလိုက် မြေတစ်ဧက မြေတန်ဖိုးနှုန်းထား သတ်မှတ်ခြင်း၊ ကွက်စိပ်တိုင်းတာခြင်းနှင့် မြေပုံထုတ် ခြင်း၊ မြေစာရင်းပုံစံ (၁ဝ၃)ဖြင့် မြေစာရင်းပုံစံ (၁ဝ၅၊ ၁ဝ၆) လျှောက် ထားခြင်း၊ ထုတ်ပေးခြင်း၊ မြေဂရန် လျှောက်ထား၍ အဆောက်အအုံပုံစံ မြေငှားဂရန်လျှောက်ထားခြင်း၊ မြေငှား ဂရန်လျှောက်ထားမှုအတွက် ကန့်ကွက်လွှာခေါ်ယူခြင်း၊ မြေရာဇဝင်စစ်ဆေး ခြင်း၊ မြို့နယ်လုပ်ငန်းအဖွဲ့ကွင်းဆင်း စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများ၏ သဘောထားရယူခြင်း၊ ကျေးရွာလုပ် ငန်းအဖွဲ့ ကွင်းဆင်းစစ်ဆေးခြင်း စသည့် ကနဦးဆောင်ရွက်ချက်များကို ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ရက် ၁ဝဝ အတွင်း ဆင်ကူးကျေးရွာမှာရှိတဲ့ အိမ်ခြေ ၅၄ လုံးကို မြေငှားဂရန်ထုတ် ပေးသွားမှာဖြစ်ပါတယ်။
ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Credit To>>> The Mirror Daily

0 comments:

Post a Comment