Friday, April 29, 2016

စတော့အိတ်ချိန်းကော်မရှင်နှင့် အာမခံကော်မတီတို့၏ ဥက္ကဋ္ဌအဖြစ်မှ ဒေါက်တာမောင်မောင်မောင်သိမ်း နုတ်ထွက်စာတင်

ဘဏ္ဍာရေး ဒုဝန်ကြီး ဟောင်း ဒေါက်တာမောင်မောင် သိမ်းသည် တာဝန်ထမ်းဆောင်နေ သည့် စတော့အိတ်ချိန်းကော်မ ရှင်နှင့် အာမခံလုပ်ငန်းအတွက် ဖွဲ့စည်းထားသည့် ကော်မတီဥက္ကဋ္ဌ ရာထူးတို့မှ ၎င်းသဘောဆန္ဒအလျောက်  နုတ်ထွက်စာတင်ပြထားကြောင်း သတင်းရရှိသည်။

ငွေကြေးသက်သေခံ လက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မ ရှင်ဥက္ကဋ္ဌ ရာထူးနှင့် အာမခံလုပ် ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌရာထူးတို့မှ ၎င်း၏သဘော ဆန္ဒအလျောက် နုတ်ထွက်ရန် စာ တင်ထားခြင်းဖြစ်ကြောင်း ဒေါက် တာမောင်မောင်သိမ်းက 7Day Daily အား အတည်ပြုပြောကြား သည်။
‘‘မေလ ၁ ရက်မှာ စတင်နုတ်ထွက်တာပါ။ ဒီစာကို လက်ခံ၊ မခံတော့ မသိသေးဘူး။ ကော်မရှင် နှစ်ခုစလုံးမှာ ဥက္ကဋ္ဌလုပ်ပြီးသွား ပြီ။  အာမခံ ဈေးကွက်လည်း ထောင် ပေးသွားပြီ။ တစ်ခါမှ မရှိသေးတဲ့ စတော့ ဈေးကွက်ကို ထောင်ပေးပြီးသွားပါပြီ။ အခြေခံကောင်းတချို့ရနေလို့ လူသစ်တွေလုပ်နိုင်အောင် ထွက်ပေးတာပါ’’ ဟု ၎င်းက ဆိုသည်။
 ဒေါက်တာ မောင်မောင် သိမ်းသည် ဦးသိန်းစိန် အစိုးရ လက်ထက်က ဘဏ္ဍာရေးဒုဝန် ကြီးနေရာကို ဝန်ကြီးနေရာများ အပြောင်းအလဲ ပြုလုပ်စဉ်က ကြားဖြတ် ရွေးချယ်ခံထားရသူဖြစ်ပြီး စတော့အိတ်ချိန်း ဈေးကွက်ကို တည်ထောင်နိုင်ရန် ဦးဆောင်လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။
တပ်မတော် အစိုးရ လက် ထက်က ဒေါက်တာမောင်မောင် သိမ်းသည် မြန်မာ့အာမခံလုပ်ငန်း ဒုတိယ အထွေထွေမန်နေဂျာအ ဆင့်တွင် တာဝန်ထမ်းဆောင်နေ ရာမှ ဦးသိန်းစိန်အစိုးရလက်ထက် ၌ ဒုဝန်ကြီးရာထူးအား တိုက်ရိုက် ရွေးချယ်ခံထားရသူတစ်ဦး ဖြစ် သည်။
ယခုနုတ်ထွက်မည့် အာမခံ လုပ်ငန်းများကြီးကြပ်ရေးကော်မ ရှင်တွင်လည်း ဒေါက်တာမောင် မောင်သိမ်းက ပုဂ္ဂလိကအာမခံ ကုမ္ပဏီများ တည်ထောင်လုပ် ကိုင်ခွင့် ပေးခဲ့ခြင်း၊  နိုင်ငံခြားအာမခံကုမ္ပဏီများကို ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ပေးခဲ့ခြင်းတို့ကို လုပ်ဆောင်ပေးခဲ့သူဖြစ်သည်။
Credit To >>> 7Day Daily News

0 comments:

Post a Comment