ဝါရှင်တန် ဇွန် ၇
အမေရိကန်အမှတ် (၂၄) ရေကြောင်း စစ်ဆင်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁ဝဝဝ ခန့်သည် ဂျော်ဒန်နိုင်ငံ တောင်ပိုင်းရှိ အက္ကဘာဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပြီး ဆီးရီးယားနှင့် နယ်နိမိတ်ချင်း
ဆက်စပ်လျက် ရှိသော ဂျော်ဒန် နယ်စပ်အနီးတွင် တပ်ဖြန့်ချထားရန် သင့်အနေ အထားတွင်ရှိကြောင်း အစ္စရေး စစ်ဘက်ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး ဝက်ဘ်ဆိုက် တစ်ခုဖြစ်သော DEBK Afile ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဂျော်ဒန်နိုင်ငံသို့ အဆိုပါတုံ့ပြန်ရေး တပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းနှင စပ်လျဉ်း၍ အမေရိကန် အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိခဲ့ကြောင်း၊ Patriotဒုံးပစ်စင် တစ်ခုနှင့် F-16 တိုက်လေယာဉ်များကိုသာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန်အတွက် ဂျော်ဒန်နိုင်ငံသို့ ပေးပို့ခဲ့ကြောင်း အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်ခဲ့သည်ဟု အစ္စရေး စစ်ဘက် ထောက်လှမ်းရေး အဖွဲ့၏ ဖော်ပြချက်များအရ သိရသည်။
ထို့အပြင် ဆီးရီးယား အစိုးရကို တိုက်ခိုက်လျက်ရှိသည့် အတိုက်အခံ တပ်ဖွဲ့များအား စစ်ရေးဆိုင်ရာ လေ့ကျင့်မှုများ ပေးအပ်ရန် ရည်ရွယ်၍ အမေရိကန်အစိုးရက ၎င်းတို့၏ တပ်ဖွဲ့ဝင် အများအပြားကို ပြီးခဲ့သည့် လအနည်းငယ် အတွင်းက ဂျော်ဒန်နိုင်ငံသို့ စေလွှတ်ခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် ဆူဆန်ရိုက်စ်ကို အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးအဖြစ် ရွေးချယ်ခန့်အပ်ရန် သမ္မတ ဘားရက်အို ဘားမားက ဆုံးဖြတ်ခဲ့မှုနှင့် စပ်လျဉ်း ၍ စိုးရိမ်ပူပန်မှုများ မြင့်တက်နေ သည့်ကြားမှ အဆိုပါ တပ်ဖြန့်ချထားမှု အစီအစဉ်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment