Friday, April 29, 2016

မြန်မာနှင့် ရုရှား တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်မှု ရေတပ်တွင် ပိုမိုအားကောင်းနေ

 မြန်မာနှင့်ရုရှား တပ်မ တော်ချင်းအပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုသည် အထူးသဖြင့် ရေတပ် ကဏ္ဍ၌ အားကောင်း ကောင်းဖြင့် တိုးတက်နေကြောင်း ဧပြီ ၂၆ ရက်က မြန်မာကာကွယ် ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း နှင့်တွေ့ဆုံရာတွင် ရုရှားကာကွယ် ရေးဝန်ကြီး ဆာဂျေးရွှိုင်ဂူကပြော ကြားခဲ့သည်။

‘‘လတ်တလောနှစ်တွေမှာ နိုင်ငံရေး အဆက်အသွယ်တွေက ပိုပြီး တက်တက်ကြွကြွဖြစ်လာ တယ်’’ဟု ရုရှားကာကွယ်ရေးဝန် ကြီးက ပြောကြားကြောင်း ရုရှား သတင်းဌာန TASS က ထုတ်လွှင့် သည်။မြန်မာနိုင်ငံမှ စစ်ဘက်အရာ ရှိများအား ရုရှားတွင် လေ့ကျင့် သင်တန်းပေးခြင်းကိုလည်း အ ရေးပါသော  ပူးပေါင်းဆောင်ရွက် မှုအဖြစ် ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းက ထောက်ပြပြောကြားခဲ့သည်။
‘‘ကျွန်တော်တို့အခက်အခဲရှိ ချိန်မှာ ရုရှားရပ်တည်ချက်နဲ့ရုရှား စစ်တပ်က ကျွန်တော်တို့ကို ကူညီ ထောက်ခံခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါ တယ်’’ ဟု ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြော သည်။ အင်္ဂါနေ့ တွေ့ဆုံပွဲမှနေ၍ တပ်မတော်၊ တပ်မတော် နည်း ပညာနယ်ပယ်များတွင် နှစ်နိုင်ငံ အဆက်အသွယ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ နောက်ထပ် အားကောင်းအောင် ထောက်ကူပေးမည်ဟု ယုံကြည်စိတ်ချ ကြောင်း ရုရှားကာကွယ်ရေးဝန် ကြီးကပြောကြားသည်။
၂၀၀၇ က မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖိုတစ် ခု တည်ဆောက်ရန်၊ ယင်းကို လည်ပတ်ရန် ကျွမ်းကျင်သူများ အား သင်တန်းပေးရန် ရုရှားက အဆိုပြုခဲ့ဖူးသည်။
၂၀၁၄ က ရုရှားကာကွယ် ရေးဝန်ကြီးသည် မြန်မာဒုသမ္မတ ဦးဉာဏ်ထွန်းနှင့်တွေ့ဆုံ၍ စစ် ရေးပူးပေါင်းဆောင်ရွက်ရန် ဆွေး နွေးခဲ့ပြီး မော်စကို စတိတ် တက္က သိုလ်၌ မြန်မာကျောင်းသားများ အား ပညာတော်သင် လက်ခံမည် ဟု ကမ်းလှမ်းခဲ့သည်။ ၂၀၁၄ နိုဝင်ဘာတွင် ပြည်ထောင်စုလွှတ် တော်သည် ရုရှား-မြန်မာ ဆက် ဆံရေး တိုးမြှင့်ရန် အဆိုတစ်ခု တင်သွင်းပြီး ၀ိုင်းဝန်းထောက်ခံ အတည်ပြုခဲ့သည်။
ယင်းအဆိုအရ စစ်ဘက် သတင်းအချက်အလက်များနှင့် အီလက်ထရွန်နစ် ဒေတာများဆိုင် ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ထောက်လှမ်းရေး အရာရှိများ လေ့ကျင့်ပေးရေး အစီအစဉ်တို့ ပါဝင်သော ရုရှားနှင့် စစ်ဘက် ဆက်ဆံရေး တိုးမြှင့်ရန် ရည်ရွယ် သော သဘောတူညီချက်ကို ဆောင်ရွက်ရန် ဖြစ်လာစေခဲ့သည် ဟု လေ့လာသူများက ထောက်ပြ သည်။
သမိုင်း၌ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သော အာဆီယံ- ရုရှား ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၆ ဧပြီ ၂၆ ရက်တွင် ရုရှားနိုင်ငံဆိုချီမြို့၌ ပြုလုပ်ခဲ့ရာ မြန်မာကာကွယ်ရေးဝန်ကြီးလည်း တက်ရောက်ခဲ့သည်။ ရုရှားနိုင်ငံတွင် မေလ ၁၉ ရက်နှင့် ၂၀ ရက်၌ ပြုလုပ်မည့် ရုရှား-အာဆီယံထိပ်သီး ညီလာခံမတိုင်မီအာဆီယံနှင့် ရုရှားကာကွယ်ရေးဝန်ကြီး အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသလုံခြုံရေးအတွက် ရုရှား၏ အဓိက မိတ်ဖက်များအဖြစ် သတ်မှတ်ကြောင်း၊ ရုရှားနှင့် အာဆီယံကြား စစ်ရေး ဆက်ဆံရေး တိုးချဲ့လိုကြောင်း၊ အမျိုးမျိုးသော ပုံစံများဖြင့် ပူးပေါင်းမှု တည်ထောင်ရေးသည် ရုရှားအတွက် ဦးစားပေးကိစ္စဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ ယင်းနောက် ၎င်းသည် စစ်ရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရန် အသေးစိတ် ကိစ္စရပ်များကို တစ်နိုင်ငံချင်းစီ၏ ကာကွယ်ရေးဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံခဲ့ သည်။
အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ဆိုင်ရာ သု တေသန ဆားဗစ် (CRS) ၏ စစ် တမ်းအရ ရုရှားသည် ၂၀၀၇- ၂၀၁၄ အတွင်း အာရှ-ပစိဖိတ်နှင့် အာရှနိုင်ငံများသို့ လက်နက်နှင့် စစ်ပစ္စည်းကိရိယာ ကန်ဒေါ်လာ ၃၀ ဘီလီယံကျော်ဖိုး ပေးပို့ရောင်း ချခဲ့သည်။
မြန်မာ့တပ်မတော်က မှာ ယူထားသော တိုက်ခိုက်ရေးနှင့် လေ့ကျင့်ရေးသုံး Yakolev Yak 130(Mitten)သုံးစီးကို ၂၀၁၆ နှစ် ကုန်၌ တင်ပို့နိုင်ရန်စီစဉ်နေကြောင်း ရုရှားလေကြောင်း စက်မှုကုမ္ပဏီ ကြီး Irkut က ကြေညာခဲ့သည်။
Credit To >>> 7Day Daily 

0 comments:

Post a Comment