Sunday, June 23, 2013

စီးပွားရေး မပြေလည်မှုများနှင့် စိတ်ကျဝေဒနာ ခံစားရမှုများကြောင့် ဆွဲကြိုးချ သတ်သေမှု များပြား

ရန်ကုန်တိုင်း ဒေသကြီးတွင် ငါးလအတွင်း ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးမှုများ မှာ မြင့်တက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတွင် ကိုယ့်ကိုယ်ကိုယ် သေဆုံးမှုမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ အမှုပေါင်း ၆၄ မှုရှိကြောင်း သိရှိရသည်။

မေ ၂၅ ရက် လှိုင်သာယာမြို့နယ် ၆ ရပ်ကွက် အောင်ချမ်းသာလမ်းတွင် အသက် ၂၀ ၀န်းကျင်ရှိ အမျိုးသားတစ်ဦး အမြင့် ၁၀ ပေခန့်ရှိသော သစ်ပင်တွင် မိမိဝတ်ဆင်သော ပုဆိုးကို ကြိုးကွင်းအဖြစ် အသုံးပြုကာ ကိုယ့်ကိုယ်ကိုယ် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ သံပန်းအလုပ်အကိုင် လုပ်ကိုင်ပြီး မသေဆုံးခင်အိမ်မှ ပိုက်ဆံကျပ် ၈၀၀၀၀ ကို ယူဆောင်ပြီး အသုံးပြုလျက်ရှိရာ ဖခင်နှင့် အစ်ကိုဖြစ်သူတို့မှ တည်းခိုခန်းတွင် နေထိုင်ကြောင်း သိရှိသဖြင့် လိုက်လံခေါ်ဆောင်ရာ လမ်းတစ်ဝက်တွင် မိသားစုနှင့် စကားများရာ အောင်ချမ်းသာ လမ်းထိပ်တွင် တစ်ဦးတည်း ကျန်ရစ်ကာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

မိမိကို မိမိသတ်သေသူများမှာ စိတ်ကယောင်ချောက်ချား ဖြစ်သူများနှင့် ကုသ၍ မရသော ရောဂါရှင်များ၊ စီးပွားရေးလုပ်ငန်း မပြေလည်သူများ၊ စိတ်ကျဝေဒနာ ခံစားနေရသူများဖြစ်ကြောင်း . . . . .


ထို့အပြင် ယခုလအတွင်းတွင်လည်း ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသေဆုံးမှုမှာ ငါးမှုအထိရှိပြီး တစ်ပတ်လျှင် နှစ်ယောက်နှုန်း ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးမှုဖြစ်ပေါ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ဇွန် ၁၇ ရက် ည ၉ နာရီက ဒဂုံတောင် ၁၀၄ ရက်ကွက်တွင် အသက် ၄၁ နှစ်ရှိ အမျိုး သမီးတစ်ဦးက နေအိမ်တွင် အမြင့်ခုနစ်ပေရှိသော ၀ါးတုတ်တန်းပေါ်တွင် အရှည်လေးပေရှိသော နိုင်လွန်ကြိုးကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးခဲ့ကြောင်းသိ ရှိရသည်။

ထိုသို့ မိမိကို မိမိသတ်သေသူများမှာ စိတ်ကယောင်ချောက်ချား ဖြစ်သူများနှင့် ကုသ၍ မရသော ရောဂါရှင်များ၊ စီးပွားရေးလုပ်ငန်း မပြေလည်သူများ၊ စိတ်ကျဝေဒနာ ခံစားနေရသူများဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ယခုလအတွင်း မိမိကိုယ်ကို မိမိသတ်သေသူများမှာ အမျိုးသမီးများ အများဆုံးဖြစ်ကြောင်း သိရပြီး လူလတ်ပိုင်းနှင့် အသက်အရွယ် ကြီးသူများဖြစ်ကြကြောင်း သိရှိရသည်။

0 comments:

Post a Comment