Friday, April 1, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်အတည်ပြု

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို ဧပြီလ(၁)ရက်က ကျင်းပတဲ့ ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့မှာ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ပြီး အတည်ပြု
ခဲ့ကြပါတယ်။
အဲဒီဥပဒေကြမ်းနဲ့စပ်လျဉ်းပြီး တပ်မတော်သားကိုယ်စား
လှယ်တွေ ဖြစ်ကြတဲ့ ဗိုလ်မှူးချုပ်ခင်မောင်အေး၊ဗိုလ်မှူးကြီးမြင့်ဆွေနဲ့ ဗိုလ်မှူးကြီး လှဝင်းအောင် ၊ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်သိန်း၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၅) မှ ဦးစိုင်းသန်းနိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်
အမှတ်(၁၁)မှ ဦးကျော်နီနိုင်တို့က လွှတ်တော်တွင်းမှာ ဆွေးနွေးတင်ပြ
ခဲ့ကြပါတယ်။

အဲဒီနောက် ဥပဒေကြမ်းကို အတည်ပြုဖို့ မဲခွဲဆုံးဖြတ် ကြရာ မှာ ထောက် ခံ သူ များတဲ့အတွက် ဥပဒေကြမ်းကို အတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါ တယ်။ သတင်းအပြည့်အစုံကို ပြည်တွင်းသတင်းတွေမှာ ဆက်လက်တင် ဆက်ပေးပါမယ်။ ဒီသတင်းကို Central News Bureau မှ ပေးပို့တာဖြစ် ပါတယ်။
Credit To >>> Democracy Today

0 comments:

Post a Comment