မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ စင်္ကာပူ လက်ရွေး စင်ဘောလုံးအသင်းနဲ့ သုဝဏ္ဏ ဘောလုံးကွင်းမှာ ဇွန်လ ၄ ရက်နေ့ ကျရင် ခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲ ၀င်မယ့် မြန်မာယူ ၂၃ အသင်း အတွက် အကြို ပြင်ဆင်တာဖြစ်ပြီး ကမ္ဘာ့အဆင့် သတ်မှတ် ချက် လျော့ကျမသွားစေဖို့ စင်္ကာပူ လက်ရွေးစင်အသင်းနဲ့ ကစားဖို့ ဖိတ်ကြားတာ ဖြစ် တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၀က်ဆိုက် မှာ ဖော်ပြထားပါတယ်။ ခြေစမ်းပွဲကို မြန် မာအချိန် ၅ နာရီမှာ ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားပြီး ရိုးရိုးတန်း ကျပ် ၅၀၀၊ အထူးတန်းကို ကျပ် ၁၀၀၀ သတ်မှတ်ထားပါတယ်။ ဆီးဂိမ်းအတွက် ပြင်ဆင်နေတဲ့ မြန်မာယူ ၂၃ အသင်း ဟာ ဇွန်လ ၉ ရက်နေ့မှာ ဗီယက်နမ်ကလပ် ဒွန်နိုင်း၊ ၁၁ ရက်နေ့မှာ ဗီယက်နမ်ယူ ၂၃ အ သင်းနဲ့ ခြေစမ်းဖို့ စီစဉ်ထားပါတယ်။
0 comments:
Post a Comment