Monday, November 4, 2013

နွယ်မြက်သစ်ပင် ဆေးဘက်ဝင်

Photo: နွယ်မြက်သစ်ပင် ဆေးဘက်ဝင်
Monday, November 4, 2013

“အစာလည်းဆေး၊ ဆေးလည်းအစာ” လို့ ဆိုရိုးစကား ရှိတဲ့အတိုင်း မိမိတို့ လက်လှမ်းမီရာ အသီးအနှံ ဟင်းသီးဟင်းရွက်တွေဟာ အာဟာရလည်းရှိ၊ ခံတွင်းလည်း မြိန်သလို ဆေးစွမ်းလည်း ထက်ကြပါတယ်။ “ဆီးဖြူ (ဇီးဖြူ) ဖန်ခါး ရဟန်း...စား” ဆိုတဲ့ စကားအရ ဆီးဖြူသီးနဲ့ ဖန်ခါးသီးဟာ ခြိုးခြံချွေတာစွာ ဆွမ်းမှီဝဲတတ်တဲ့ ရဟန်းသံဃာတော်များအတွက် ဆေးဘက်ဝင် အကျိုးရှိစေလို့ ဆီးဖြူဖန်ခါး ရဟန်းစားဆိုတဲ့ စကား ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုတစ်ပတ် နွယ်မြက်သစ်ပင် ဆေးဘက်ဝင် ကဏ္ဍအတွက် ဆီးဖြူသီးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

ဆီးဖြူပင်ဟာ ခြုံပင်အလတ်စားဖြစ်ပြီး ဆူးတွေ ပေါပါတယ်။ အသီးတွေကလည်း ပြွတ်ခဲနေအောင် သီးတတ်ကြတယ်။ အပင်ပေါ်က တွဲလောင်လေးတွေ ဖြစ်နေတဲ့ ဆီးဖြူသီးတွေကို ကြည့်ရတာနဲ့တင် ခူးပြီး စားချင်စရာ ကောင်းတယ်။ ဆီးဖြူသီးက အဖန်ဓာတ်လည်း ပါသလို၊ အချဉ်ဓာတ်လည်း ပါပါတယ်။ ဆားလေးနဲ့တို့ပြီး တမြုံ့မြုံ့စား၊ ပြီးရင် စိမ့်အိုးထဲက ရေတစ်ခွက် သောက်လိုက်ရင် နွေရာသီ နေ့လည်မှာ ဘယ်လောက်ပူပြီး မောနေပါစေ တခဏလေးအတွင်း အမောပြေ လန်းဆန်းသွားရတာပါ။ ငယ်ငယ်က အဘွားက ပြောပြတတ်တဲ့ “ဆီသည်ကြီး” ပုံပြင်ထဲမှာ ဆီတွေကို သွန်ပြီး ရေတွေ ထည့်ထားတဲ့ ဆီသည်မကြီး အကြောင်းကို သတိရမိပါတယ်။ ဆီးဖြူသီးစားပြီး သောက်မိတဲ့ရေက အရသာရှိတာ မသိပဲ ရေကပဲ ချိုတယ်ထင်ပြီး ဆီတွေသွန် ရေတွေ ခပ်သွားတဲ့ အကြောင်းလေ။ ဆီဖြူသီးစားပြီး ရေသောက်ရင် ချိုတယ်လို့ ပုံပြင်ထဲက ပါတဲ့အတိုင်း မောင်နှမတွေ ဆီးဖြူသီးစားပြီး ရေအငမ်းမရ လုသောက်ခဲ့ကြတာ မှတ်မိပါသေးတယ်။

ဆီဖြူသီးကို gooseberry လို့ အင်္ဂလိပ်လို့ ခေါ်ပြီး ဆီးဖြူသီး အမျိုးပေါင်းများစွာ ရှိပါတယ်။ ပုံမှန်တွေ့နေကြ ဝယ်ယူစားသုံးနေကြ ဆီးဖြူသီးက Alma လို့ခေါ်တဲ့ Indian Go oseberry အမျိုးအစား ဖြစ်ပါတယ်။ ဆီးဖြူပင်ကို သိပ္ပံအမည်အရ Ribes UVA-Crispa လို့ ခေါ်ပါတယ်။

ဆီးဖြူသီးပင်ရဲ့ အသီး၊ အခေါက်၊ အပွင့်၊ အမြစ် အားလုံး သူ့နေရာနှင့်သူ ဆေးဘက်ဝင်ပါတယ်။ ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ်။ အသဲနဲ့ဆိုင်သော ရောဂါဝေဒနာသည်တို့ အဓိက အားထားရာ သဘာဝ ဆေးစွမ်းထက်တဲ့ အသီး ဖြစ်ပါတယ်။ အခုခေတ်လို အစားအစာတွေလည်း ဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ အထွက်တိုး မြန်မြန်သီး မြန်မြန်မှည့် ဟော်မုန်းဆေးတွေ အများကြီး ပါတဲ့အချိန်၊ ဆီတွေလည်း မသန့်တဲ့ အချိန်မှာ ကိုယ်ခန္ဓာရဲ့ အဆိပ်သန့်စင် စွန့်ပစ်ရေး လုပ်ငန်းကို မောကြီးပန်းကြီး ထမ်းဆောင်နေရတာ အသဲ ဖြစ်ပါတယ်။ ဒါကြောင့် အဆိပ်လည်း ပြေစေ၊ ဓာတ်တိုးဆန့်ကျင်သတ္တိလည်းရှိတဲ့ ဗိုက်တာမင် C ကြွယ်ဝတဲ့ ဆီးဖြူသီးဟာ အသဲအတွက် ဧရာမ စစ်ကူကြီး ဖြစ်ပါတော့တယ်။ အသည်းရောင် B ပိုး၊ C ပိုး စသည်တို့ကြောင့် အသဲဝေဒနာ ဖြစ်နေရင် ဖြစ်ဖြစ်၊ အရက် အလွန်အကျွံ သောက်လို့ အသဲသွေးကြောများ ပျက်စီးပြီး အသဲခြောက်၊ အသဲမာ၊ အသကင်ဆာ ဖြစ်ရင်ပဲ ဖြစ်ဖြစ် ဆီးဖြူသီးဟာ အလွန်ပင် ဆေးစွမ်းထက်စွာ ကယ်တင်ပေးမှာ ဖြစ်ပါတယ်။

အိမ်သုံး တိုင်းရင်း နွယ်မြက်သစ်ပင် အစွမ်းတွေအကြောင်း တင်ပြတဲ့ အင်တာနက်မှ ရရှိတဲ့ ဆီးဖြူသီးရဲ့ အကျိုးကျေးဇူးများကို တင်ပြပါမယ်။ ဆီးဖြူသီးဟာ သွေးသားသန့်စင်မှုက သွေးအတွင်း အဆိပ်အတောက်တွေနဲ့၊ ဗိုင်းရပ်ပိုး၊ ဗက်တီးရီးယားနဲ့ အဏုဇီဝ ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးပါတယ်။ သွေးအားကောင်းစေတဲ့ ဟေမိုဂလိုဗင်ဓာတ် ကြွယ်ဝအောင် ဖြစ်စေတာမို့ အမောခံနိုင်ပြီး အသားအရေ ကြည်လင်လှပစေပါတယ်။ ဗိုက်တာမင် C ကြွယ်ဝလို့ ကိုယ်ခံအား စနစ်ကို အားကောင်းစေပါတယ်။ အသဲနဲ့ ပန်ကရိယ(မုန့်ချိုအိတ်) ကို များစွာ ပံ့ပိုးကူညီပြီး စိတ်နှလုံးကိုလည်း ပြောလျော့ အေးချမ်းစေပါတယ်။ ဆံပင်ရဲ့ ကောင်းခြင်း၊ ဦးရေရဲ့ ကောင်းခြင်း၊ သန်းနှင့် ဘောက်များကို ကင်းစင်စေခြင်းနဲ့ အသားအရည်ကိုလည်း လှပချောမွတ်စေပါတယ်။ ရောဂါဘယ မျိုးစုံကိုလည်း သက်သာပျောက်ကင်းအောင် စွမ်းဆောင်နိုင်သော အံ့ဖွယ် သဘာဝပေးတဲ့ လက်ဆောင်ကြီး ဖြစ်ပါတယ်။

ဆီးဖြူသီးကနေ ခေါင်းလျှော်ရည်၊ခေါင်းလိမ်းဆီ အမျိုးမျိုး ထုတ်လုပ်ကြပါတယ်။ တိုင်းရင်းဆေးများနဲ့ တွဲဘက်ပြီး ဆေးဖော်ကြသလို အရန်ဟင်းအဖြစ် လည်းကောင်း ဆီဖြူသီးချိုချဉ်၊ ဆီဖြူသီးဖျော်ရည် ပြုလုပ်ပြီး စားသုံးကြပါတယ်။ အချို့က ဆီးဖြူသီးကို ဆားရည်စိမ်ထားတတ်ပြီး တစ်ချို့က အခြောက်လှမ်း အစေ့ထုတ်ပြီး အသားကို အမှုန့်ပြုလုပ်ထားတတ်ကြပါတယ်။ ဆီးဖြူသီး ဆားရည်စိမ်နဲ့ ငါးပိကြော် တွဲဖက်ဧည့်ခံတဲ့ မန္တလေး ရပ်ကွက် ဘုရားပွဲတွေကို လွမ်းမိသွားပါတယ်

တိုင်းရင်းဆေး
“အစာလည်းဆေး၊ ဆေးလည်းအစာ” လို့ ဆိုရိုးစကား ရှိတဲ့အတိုင်း မိမိတို့ လက်လှမ်းမီရာ အသီးအနှံ ဟင်းသီးဟင်းရွက်တွေဟာ အာဟာရလည်းရှိ၊ ခံတွင်းလည်း မြိန်သလို ဆေးစွမ်းလည်း ထက်ကြပါတယ်။ “ဆီးဖြူ (ဇီးဖြူ) ဖန်ခါး ရဟန်း...စား” ဆိုတဲ့ စကားအရ ဆီးဖြူသီးနဲ့ ဖန်ခါးသီးဟာ ခြိုးခြံချွေတာစွာ ဆွမ်းမှီဝဲတတ်တဲ့ ရဟန်းသံဃာတော်များအတွက် ဆေးဘက်ဝင် အကျိုးရှိစေလို့ ဆီးဖြူဖန်ခါး ရဟန်းစားဆိုတဲ့ စကား ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုတစ်ပတ် နွယ်မြက် သစ်ပင် ဆေး ဘက်ဝင် ကဏ္ဍအတွက် ဆီးဖြူသီးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

ဆီးဖြူပင်ဟာ ခြုံပင်အလတ်စားဖြစ်ပြီး ဆူးတွေ ပေါပါတယ်။ အသီးတွေကလည်း ပြွတ်ခဲနေအောင် သီးတတ်ကြတယ်။ အပင်ပေါ်က တွဲလောင်လေးတွေ ဖြစ်နေတဲ့ ဆီးဖြူသီးတွေကို ကြည့်ရတာနဲ့တင် ခူးပြီး စားချင်စရာ ကောင်းတယ်။ ဆီးဖြူသီးက အဖန်ဓာတ်လည်း ပါသလို၊ အချဉ်ဓာတ်လည်း ပါပါတယ်။ ဆားလေးနဲ့တို့ပြီး တမြုံ့မြုံ့စား၊ ပြီးရင် စိမ့်အိုးထဲက ရေတစ်ခွက် သောက်လိုက်ရင် နွေရာသီ နေ့လည်မှာ ဘယ်လောက်ပူပြီး မောနေပါစေ တခဏလေးအတွင်း အမောပြေ လန်းဆန်းသွားရတာပါ။ ငယ်ငယ်က အဘွားက ပြောပြတတ်တဲ့ “ဆီသည်ကြီး” ပုံပြင်ထဲမှာ ဆီတွေကို သွန်ပြီး ရေတွေ ထည့်ထားတဲ့ ဆီသည်မကြီး အကြောင်းကို သတိရမိပါတယ်။ ဆီးဖြူသီးစားပြီး သောက်မိတဲ့ရေက အရသာရှိတာ မသိပဲ ရေကပဲ ချိုတယ်ထင်ပြီး ဆီတွေသွန် ရေတွေ ခပ်သွားတဲ့ အကြောင်းလေ။ ဆီဖြူသီး စားပြီး ရေသောက်ရင် ချိုတယ်လို့ ပုံပြင်ထဲက ပါတဲ့အတိုင်း မောင်နှမတွေ ဆီးဖြူသီး စားပြီး ရေအငမ်းမရ လုသောက်ခဲ့ကြတာ မှတ်မိပါသေးတယ်။

ဆီဖြူသီးကို gooseberry လို့ အင်္ဂလိပ်လို့ ခေါ်ပြီး ဆီးဖြူသီး အမျိုးပေါင်းများစွာ ရှိပါတယ်။ ပုံမှန်တွေ့နေကြ ဝယ်ယူစားသုံးနေကြ ဆီးဖြူသီးက Alma လို့ခေါ်တဲ့ Indian Go oseberry အမျိုးအစား ဖြစ်ပါတယ်။ ဆီးဖြူပင်ကို သိပ္ပံအမည်အရ Ribes UVA-Crispa လို့ ခေါ်ပါတယ်။

ဆီးဖြူသီးပင်ရဲ့ အသီး၊ အခေါက်၊ အပွင့်၊ အမြစ် အားလုံး သူ့နေရာနှင့်သူ ဆေးဘက်ဝင်ပါတယ်။ ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ်။ အသဲနဲ့ဆိုင်သော ရောဂါဝေဒနာ သည်တို့ အဓိက အားထားရာ သဘာဝ ဆေးစွမ်းထက်တဲ့ အသီး ဖြစ်ပါတယ်။ အခုခေတ်လို အစားအစာတွေလည်း ဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ အထွက်တိုး မြန်မြန်သီး မြန်မြန်မှည့် ဟော်မုန်းဆေးတွေ အများကြီး ပါတဲ့အချိန်၊ ဆီတွေလည်း မသန့်တဲ့ အချိန်မှာ ကိုယ်ခန္ဓာရဲ့ အဆိပ်သန့်စင် စွန့်ပစ်ရေး လုပ်ငန်းကို မောကြီးပန်းကြီး ထမ်းဆောင်နေရတာ အသဲ ဖြစ်ပါတယ်။ ဒါကြောင့် အဆိပ်လည်း ပြေစေ၊ ဓာတ်တိုးဆန့်ကျင်သတ္တိလည်းရှိတဲ့ ဗိုက်တာမင် C ကြွယ်ဝတဲ့ ဆီးဖြူသီးဟာ အသဲအတွက် ဧရာမ စစ်ကူကြီး ဖြစ်ပါတော့တယ်။ အသည်းရောင် B ပိုး၊ C ပိုး စသည်တို့ကြောင့် အသဲဝေဒနာ ဖြစ်နေရင် ဖြစ်ဖြစ်၊ အရက် အလွန်အကျွံ သောက်လို့ အသဲသွေးကြောများ ပျက်စီးပြီး အသဲခြောက်၊ အသဲမာ၊ အသကင်ဆာ ဖြစ်ရင်ပဲ ဖြစ်ဖြစ် ဆီးဖြူသီးဟာ အလွန်ပင် ဆေး စွမ်းထက်စွာ ကယ်တင်ပေးမှာ ဖြစ်ပါတယ်။

အိမ်သုံး တိုင်းရင်း နွယ်မြက်သစ်ပင် အစွမ်းတွေအကြောင်း တင်ပြတဲ့ အင်တာနက်မှ ရရှိတဲ့ ဆီးဖြူသီးရဲ့ အကျိုးကျေးဇူးများကို တင်ပြပါမယ်။ ဆီးဖြူသီးဟာ သွေးသားသန့်စင်မှုက သွေးအတွင်း အဆိပ်အတောက်တွေနဲ့၊ ဗိုင်းရပ်ပိုး၊ ဗက်တီးရီးယားနဲ့ အဏုဇီဝ ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးပါတယ်။ သွေးအားကောင်းစေတဲ့ ဟေမိုဂလိုဗင်ဓာတ် ကြွယ်ဝအောင် ဖြစ်စေတာမို့ အမောခံနိုင်ပြီး အသားအရေ ကြည်လင်လှပစေပါတယ်။ ဗိုက်တာမင် C ကြွယ်ဝလို့ ကိုယ်ခံအား စနစ်ကို အားကောင်းစေပါတယ်။ အသဲနဲ့ ပန်ကရိယ(မုန့်ချိုအိတ်) ကို များစွာ ပံ့ပိုးကူညီပြီး စိတ်နှလုံးကိုလည်း ပြောလျော့ အေးချမ်းစေပါတယ်။ ဆံပင်ရဲ့ ကောင်းခြင်း၊ ဦးရေရဲ့ ကောင်းခြင်း၊ သန်းနှင့် ဘောက်များကို ကင်းစင်စေခြင်းနဲ့ အသားအရည်ကိုလည်း လှပချောမွတ်စေပါတယ်။ ရောဂါဘယ မျိုးစုံကိုလည်း သက်သာပျောက်ကင်းအောင် စွမ်းဆောင်နိုင်သော အံ့ဖွယ် သဘာဝပေးတဲ့ လက်ဆောင်ကြီး ဖြစ်ပါတယ်။

ဆီးဖြူသီးကနေ ခေါင်းလျှော်ရည်၊ခေါင်းလိမ်းဆီ အမျိုးမျိုး ထုတ်လုပ်ကြပါတယ်။ တိုင်းရင်းဆေးများနဲ့ တွဲဘက်ပြီး ဆေးဖော်ကြသလို အရန်ဟင်းအဖြစ် လည်းကောင်း ဆီဖြူသီးချိုချဉ်၊ ဆီဖြူသီးဖျော်ရည် ပြုလုပ်ပြီး စားသုံးကြပါတယ်။ အချို့က ဆီးဖြူသီးကို ဆားရည်စိမ်ထားတတ်ပြီး တစ်ချို့က အခြောက်လှမ်း အစေ့ထုတ်ပြီး အသားကို အမှုန့်ပြုလုပ်ထားတတ်ကြပါတယ်။ ဆီးဖြူသီး ဆားရည်စိမ်နဲ့ ငါးပိကြော် တွဲဖက်ဧည့်ခံတဲ့ မန္တလေး ရပ်ကွက် ဘုရားပွဲတွေကို လွမ်းမိသွားပါတယ်

တိုင်းရင်းဆေး

0 comments:

Post a Comment