သြစတေးလျနိုင်ငံ အနောက်ပိုင်းတွင် အသက် ၅၅ နှစ် အရွယ်ရှိ အမျိုးသား
တစ်ဦးသည် မျက်နှာကို လက်သီးဖြင့် အထိုးခံ ခဲ့ရပြီးနောက် မျက်စိ၌
ကြယ်ပုံသဏ္ဍန် အတွင်းတိမ် ဝေဒနာ စွဲကပ် လာခဲ့ကြောင်း သြစတေးလျ
နိုင်ငံထုတ် နယူးအင်္ဂလန် ဆေးသိပ္ပံ ဂျာနယ်တွင် ဖော်ပြ သွားခဲ့သည်။ ၎င်းသည်
အင်ဘရက်ခ်မြို့ ဆေးသုတေသန ဌာန တွင် ဆေးကုသမှု ခံယူလျက် ရှိပြီး ထိုသို့
အတွင်းတိမ် မဖြစ်ပွားမီ ကိုးလခန့်က မျက်နှာကို လက်သီး ဖြင့် အထိုးခံ
ခဲ့ရကြောင်း ၎င်းက ပြော ကြားသွား ခဲ့သည်။ ပုံမှန်အားဖြင့် မျက်စိ အတွင်းတိမ်
ဝေဒနာ စွဲကပ် သူများ၏ မျက်စိသည် ရုပ်ဆိုး အကျည်းတန် သည်က များပြီး
ထိုကဲ့သို့ လှပသော ကြယ်ပုံသဏ္ဍာန် အတွင်းတိမ်ကို တွေ့မြင်ဖူးခြင်း
မရှိကြောင်း နယူးယောက်မြို့ လီနော့ဟေး ဆေးရုံမှ မျက်စိ အထူးကု ဆရာဝန် မက်ခ်
ဖော်မာက ပြောကြား သွားခဲ့သည်။
0 comments:
Post a Comment