Monday, May 23, 2016

အီးယူသည် အသေးအဖွဲကိစ္စလေးများကိုပင် လိုက်လံ ထိန်းချုပ်နေကြောင်း ဗြိတိန် အား အီးယူမှ ခွဲထွက်စေလိုသူများက စွပ်စွဲ

ငှက်ပျောသီးများ၊ ကျွဲနွားသိုး ဆိတ်များ ဖုန်စုပ်စက်များ စသည့် အသေးအဖွဲကိစ္စလေးများမှာပင် ဥ ရောပသမဂ္ဂသည် စည်းမျဉ်းများချ မှတ်ပြီး ထိန်းချုပ်နေသည်ဟု ဗြိတိန် အား ဥရောပသမဂ္ဂမှ ခွဲထွက်စေလို သူများက စွပ်စွဲပြောကြားနေသည်။

ဈေးဆိုင်များအနေဖြင့် ငှက် ပျောသီးကို မည်သို့ရောင်းရမည်။ နှစ်ခိုင်သုံးခိုင်ထက် ပိုရောင်း၍မရ၊ ပုံမှန်မဟုတ်ဘဲ ကွေးနေသော ငှက် ပျောသီးများကို မရောင်းရစသည့် အဓိပ္ပာယ်မရှိသော စည်းမျဉ်းများ ကို ဥရောပသမဂ္ဂက ထုတ်ပြန်ထား သည်ဟု ခွဲထွက်ရေးလှုပ်ရှားမှုများ ကို ဦးဆောင်နေသူ လန်ဒန်မြို့ တော်ဝန်ဟောင်းဘိုးရစ်စ်ဂျွန်ဆင် က စွပ်စွဲပြောကြားခဲ့သည်။

သို့သော်အမှန်တကယ်အား ဖြင့် ဥရောပသမဂ္ဂသည် ငှက်ပျော သီးများကို နိုင်ငံတကာဈေးကွက်သို့ အဆင်ပြေစွာ တင်ပို့ရောင်းချနိုင် ရန် အရွယ်အစားနှင့်အရည်အသွေး ကိုသာ အမျိုးအစားအဆင့်အတန်း ခွဲခြားသတ်မှတ်ပေးထားသည်။

ဥရောပသမဂ္ဂသည် နောက် နှစ်မှစ၍ လျှပ်စစ်ဓာတ်အားဝပ် ၉၀၀ ထက်ပိုသော ဖုန်စုပ်စက်များ ကို အသုံးမပြုရန်တားမြစ်ထားသည်။ ထိုကိစ္စကို ဘိုးရစ်စ်ဂျွန်ဆင်က လှောင် ပြောင်ဝေဖန်ခဲ့သည်။ ဥရောပသမဂ္ဂ သည် ပေါင်မုန့်မီးကင်စက်များအ ထိပင် လိုက်လံကန့်သတ်လိမ့်မည် ဟု ၎င်းင်းကပြောသည်။

ဗြိတိန်၏ ကျွဲနွားသိုးဆိတ်များ တင်ပို့ရောင်းချမှုကိုလည်း ဥရောပ သမဂ္ဂက တားဆီးပိတ်ပင်ရန်ကြိုး စားနေသည်ဟု ဘိုးရစ်စ်ဂျွန်ဆင်က စွပ်စွဲထားသည်။ သို့သော် ဥရောပ ကော်မရှင်က ထိုကိစ္စကိုငြင်းဆိုခဲ့ ဖူးသည်။

အသက် ၈ နှစ်အောက် ကလေး များပူဖောင်းမှုတ်ခြင်းကို တားမြစ် ထားသည့် ကိစ္စကိုလည်း ဘိုးရစ်စ် ဂျွန်ဆင်က ထောက်ပြခဲ့သည်။ ဥရော ပကော်မရှင်ကတော့ ထိုကိစ္စသည် တားမြစ်ထားခြင်းမဟုတ်ဘဲ အကြံ ပေးခြင်းသာဖြစ်သည်ဟု ရှင်းလင်း ခဲ့သည်။

Credit To >>> Democracy Today

0 comments:

Post a Comment