မော်လမြိုင် ဇွန် ၁၅
မွန်ပြည်နယ် မော်လမြိုင်မြို့ သမိုင်းဝင် ကျိုက်သလ္လံ စေတီတော် မြတ်ကြီးသည် လှိုင်နယ်မြေ တောင်ရိုးတန်း နာဂ၀ီသ(ခေါ်) သလင်းတောင် ထွဋ်တောင် မြတ်ကြီးဖြစ်ပြီး အရှေ့ဘက် စောင်းတန်း ဘက်၌ ဒုတိယမြောက် ဓာတ်လှေကားကို တည်ဆောက်လျက် ရှိသည်။
ထိုတည်ဆောက်မှုကို ၂၀၁၂ ခုနှစ် ဇွန်လပိုင်းက စတင် ဆောင်ရွက်လျက် ရှိရာ ဓာတ်လှေကား အမြင့် ၁၃၂ ပေ၊ လျှောက်လမ်း ပေအကျယ် ၂၀၀x၁၁ ပေရှိ၍ နှစ်ခန်းတွဲ ဖြစ်ပြီး တစ်ခန်းလျှင် လူ ၁၆ ဦးဆံ့ကြောင်း၊ ဓာတ်လှေကား နှစ်စင်းအတွက် စက်နှစ်လုံးကို KOREA နိုင်ငံမှ တစ်လုံးလျှင် အမေရိကန် ဒေါ်လာ ၄၉ ဒသမ ၅၀ ဖြစ်ပြီး စက်နှစ်လုံး အတွက် အမေရိကန် ဒေါ်လာ ၉၉ ဒသမ ၀၀ ဖြင့် ၀ယ်ယူခဲ့ကြောင်း ယခု လက်ရှိတွင် ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီး လက်ရှိငွေကျပ် သိန်း ၃၀၀၀ ကျော် ကုန်ကျလျက် ရှိရာ ရာနှုန်းပြည့် ပြီးစီးသည် အထိ ငွေကျပ် သိန်းပေါင်း ၅၀၀၀ ကျော် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။ စေတနာရှင် ပြည်သူများ အနေဖြင့် အလှူငွေများ လှူဒါန်း လိုပါက ဖုန်း- ၀၅၇-၂၁၃၃၄၁၊ ၀၉-၅၃၂၂၃၀၀ ထံသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
0 comments:
Post a Comment