Wednesday, September 2, 2015

ရခိုင်အမျိုးသားပါတီက ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ရွေးချယ်မခံရသဖြင့် တစ်သီးပုဂ္ဂလဝင်ပြိုင်ရန် စီစဉ်နေသူများကို ပါတီမှ ထုတ်ပယ်

ပါတီကိုယ်စားပြုလွှတ် တော်ကိုယ်စားလှယ်လောင်းအ ဖြစ် ရွေးချယ်ခြင်း မခံရသော ကြောင့် တစ်သီးပုဂ္ဂလ ဝင်ပြိုင် ရန်စီစဉ်သူ ၁၀ ဦးကျော်ကိုပါတီမှ အရေးယူသည့်အနေဖြင့် ထုတ် ပယ်လိုက်ကြောင်း ရခိုင်အမျိုး သားပါတီ အထွေထွေအတွင်း ရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ပါတီတွင်း လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ဝင် ရောက်ယှဉ်ပြိုင်သူများအား ရွေး ချယ်ရာတွင် ဝင်ရောက်ယှဉ်ပြိုင် မည့်သူများသည် ပါတီ၏ကိုယ် စားလှယ်လောင်းအဖြစ် ရွေးချယ် ခံရခြင်းမရှိပါက ရွေးကောက်ပွဲကို မိမိတို့သဘောဖြင့် ထပ်မံယှဉ်ပြိုင် ခြင်းမပြုရန် စည်းမျဉ်းများရှိနေ သည်ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။
‘‘ပါတီမှာ စည်းမျဉ်းစည်း ကမ်းတွေရှိတယ်။ အဲဒါတွေ မ လိုက်နာတဲ့အတွက် ပါတီရဲ့အ မြင့်ဆုံးအရေးယူမှုဖြစ်တဲ့ ပါတီ ဝင်အဖြစ်က ထုတ်ပယ်တဲ့ အရေး ယူမှုလုပ်ခဲ့ရတယ်’’ဟု ၎င်းက ပြောသည်။
ပါတီဝင်အဖြစ်မှ ထုတ်ပယ် လိုက်သူများတွင် ပါတီဗဟိုအ လုပ်အမှုဆောင်များ၊ ဗဟိုကော် မတီဝင်များ ပါဝင်နေသည်ဟု ရခိုင်အမျိုးသားပါတီမှ သိရ သည်။
ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်တွင် မဲဆန္ဒနယ် ၆၃ ခု၊ ချင်းပြည်နယ်တွင် မဲဆန္ဒနယ် ငါးခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် မဲဆန္ဒနယ် လေးခုနှင့် ဧရာဝတီ တိုင်းဒေသကြီးတွင် မဲဆန္ဒနယ် တစ်ခု၊ စုစုပေါင်း မဲဆန္ဒနယ် ၇၃ ခုတို့၌ ဝင်ရောက်ယှဉ်ပြိုင်မည် ဟု ပါတီဗဟို အလုပ်အမှုဆောင် ဦးအေးသာအောင်က ပြောသည်။
ရခိုင်ပြည်နယ်တွင် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၁၇ ခု၊ အ မျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ ခု၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၃၄ ခု၊ စုစုပေါင်း ၆၃ နေရာစလုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ရခိုင်အမျိုးသားပါတီသည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၂၀၁၀ အထွေထွေ ရွေး ကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ နေရာအများအပြားတွင် အနိုင်ရရှိခဲ့ သော ရခိုင်တိုင်းရင်းသားများတိုး တက်ရေးပါတီတို့ ပူးပေါင်းထား ခြင်းဖြစ်သည်။
Credit To >>> 7Day News

0 comments:

Post a Comment