Wednesday, April 24, 2013

သြစတေးလျ၌ ဆယ်ကျော်သက်နှစ်ဦး မီးရထားတစ်အား ခိုးယူမောင်းနှင်

သြစတေးလျနိုင်ငံ ကွင်းစလန်ပြည်နယ် အရှေ့တောင်ပိုင်း ဂျမ်ပီမီးရထား စက်ခေါင်းပြုပြင်ရေး စက်ရုံမှ ဒီဇယ်မီးရထား စက်ခေါင်း တစ်စီးအား ဆယ်ကျော်သက် လူငယ်နှစ်ဦးက ခိုးယူမောင်းနှင် ခဲ့ပြီးနောက် ကုန်တင်မီးရထား တစ်စင်းကို တိုက်မိခဲ့ကြောင်း သြစတေးလျ အေအေပီ သတင်းတစ်ရပ် တွင် ဖော်ပြပါရှိသည်။ အသက် ၁၇ နှစ်အရွယ်ရှိ ဘရစ်ဘိန်းနှင့် အသက် ၁၈ နှစ်အရွယ်ရှိ လူငယ်နှစ်ဦးသည် မီးရထား စက်ခေါင်း ပြုပြင်ဆဲ မီးရထား စက်ခေါင်းကို ခိုးယူမောင်းနှင် ခဲ့ပြီးနောက် တစ်ကီလိုမီတာခန့် အကွာတွင် အခြားကုန်တင် မီးရထား တစ်စင်းကို တိုက်မိခဲ့ပြီးနောက် ရပ်တန့််သွားခဲ့သည်။ ထိုလူငယ် နှစ်ဦးကို ဂျမ်ပီမြို့ တရားရုံးတွင် ယခုလအတွင်း စုံစမ်းစစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သြစတေးလျ MRHR မီးရထား ကုပ္မဏီက အေအေပီ သတင်းဌာနသို့ အသိပေးထားသည်။

0 comments:

Post a Comment