Wednesday, April 24, 2013

မိုးပျံဘုရားကျောင်းရှိ ဘုန်းကြီးများကို လေကြောင်းသင်တန်းပို့ချ

အလွယ်တကူ ရွေ့လျား သွားလာနိုင်သည့် မိုးပျံခရစ်ယာန် ဘုရားကျောင်းတွင် တာဝန်ထမ်းဆောင်သည့် ခရစ်ယာန် ဘုန်းကြီးများကို ရုရှားလေထပ်က လေထီးခုန် သင်တန်းများ ပို့ချပေးပြီး လိုအပ်သော အထောက်အပံ့များကို ပံ့ပိုးပေးခဲ့သည်။ အဆိုပါ ဘုရားကျောင်းတွင် အောက်ခြေတွင် ဘီးများ တပ်ဆင် ထားသော်ကြောင့် အလွယ်တကူ ရွေ့လျားသွားနိုင်သည်။ အဆိုပါ အော်သိုဒေါက်ချက် ကျောင်းတွင် ဘုရားဝတ်ပြု ဆုတောင်း သူတို့အတွက် ရိက္ခာ အလုံအလောက် ဖြည့်တင်း ထားသလို လေအေးပေး စက်များ၊ ရေခဲ သေတ္တာများနှင့် အသက်ကယ် ပစ္စည်းများစွာကိုလည်း ရုရှားအစိုးရက အလုံ အလောက် ထောက်ပံ့ပေး ထားသည်။ ဘုရားကျောင်းကို လေယာဉ်များဖြင့် အလွယ်တကူ မ တင်နိုင်သည်။ ယခုအခါ မော်စကို ၁၂၄ မိုင်အကွာတွင် ခရစ်ယာန်ဘုန်းကြီး ၄၀၀ ခန့်ကို လေကြောင်း အတတ်သင် စခန်းဖွင့်လှစ်ပြီး သင်ကြား ပေးလျက်ရှိသည်။

0 comments:

Post a Comment