Friday, February 17, 2017

KNU ညီလာခံသို့ ပြည်တွင်း၊ပြည်ပ ကရင်တိုင်းရင်းသားကိုယ်စားလှယ် ၃၀ ကျော်အား လေ့လာသူအဖြစ် ဖိတ်ကြားမည်

ကရင်အမျိုးသား အစည်းအရုံး (KNU)ညီလာခံသို့ ပြည်တွင်း၊ ပြည်ပမှ ကရင်တိုင်း ရင်းသား ကိုယ်စားလှယ် ၃၀ ကျော်အား လေ့လာသူအဖြစ် ဖိတ်ကြားမည်ဟု KNU အထွေ ထွေအတွင်းရေးမှူးချုပ် ဖဒိုစော ကွယ်ထူးဝင်းက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထား သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တစ်ခုဖြစ်သည့် KNU ခေါင်းဆောင်ပိုင်း ပြန်လည်ရွေး ချယ် မည့် (၁၆)ကြိမ်မြောက် KNU ညီလာခံကို မတ်လ ၁၄ ရက်တွင် ကရင်ပြည်နယ် လော်ခီးလာဒေသ၌ စတင်ကျင်းပမည်ဖြစ်သည်။


‘‘နိုင်ငံခြားမှာရှိတဲ့ ကရင် ကိုယ်စားလှယ် တချို့လည်းပါ မယ်။ ပြည်တွင်းမှာလည်း ဖိတ် တယ်။ ပြည်တွင်းမှာရှိတဲ့ ကရင် တွေ အစုအဖွဲ့အလိုက် သတ်မှတ် ပြီးဖိတ်တာ လေ့လာသူအနေနဲ့ ပေါ့။ ပြည်တွင်း၊ ပြည်ပ ၃၀ ကျော်ရှိမယ်။ ဘာသာရေးခေါင်း ဆောင်လည်းဖိတ်တယ်။ နိုင်ငံ ရေးပါတီကလည်း ဖိတ်တယ်။ KNU အဖွဲ့ဝင်မဟုတ်တော့ လေ့ လာသူအဆင့်ပဲ ပေးလို့ရတယ်။ ရွေးကောက်ပွဲ ဝင်လို့မရဘူး။ မဲ ပေးခွင့်မရှိဘူး။ ဆွေးနွေးတာက တော့ ကျန်တဲ့ကိုယ်စားလှယ်လို ဆွေးနွေးအကြံပေးလို့ရတယ်’’ဟု ဖဒိုစောကွယ်ထူးဝင်းက ပြော ကြားသည်။

KNU ညီလာခံကို လေးနှစ် တစ်ကြိမ် ကျင်းပရန် သတ်မှတ် ထားသည်။ (၁၅)ကြိမ်မြောက် ညီလာခံကို ပြီးခဲ့သည့် ၂၀၁၂ နိုဝင်ဘာက ကျင်းပခဲ့ရာ (၁၆) ကြိမ်မြောက်ကို ၂၀၁၆ နိုဝင်ဘာ တွင် ကျင်းပရမည်ဖြစ်သော် လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအပါအဝင် ပြည်တွင်း၊ ပြည် ပမှ ကရင်တိုင်းရင်းသားကိုယ်စား လှယ်များ ပိုမိုပါဝင်နိုင်ရေး ဆောင်ရွက်ရန် ၂၀၁၇ မတ်လသို့ ရွှေ့ဆိုင်းခဲ့သည်။

NCA လက်မှတ်ရေးထိုးသည့် KNU အဖွဲ့ကို အစိုးရက မတရားအသင်းမှ ပယ်ဖျက်ပေးခဲ့၍ ပြည်တွင်း ကိုယ်စားလှယ်များ အနေဖြင့် KNU ညီလာခံသို့ လွတ်လပ်စွာ တက်ရောက်ခွင့်ရရှိခဲ့သည်။

လက်ရှိတွင် KNU ကို ဗဟို အလုပ်အမှုဆောင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌသည် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဖြစ်သည်။ ၎င်း၏ လက်ထက်တွင် KNU အနေဖြင့် အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်ထားနိုင်သည်။

ပြီးခဲ့သည့် KNU ညီလာခံ လေးနှစ်သက်တမ်းအတွင်း နှစ် ပေါင်း ခြောက်ဆယ်ကျော်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခကို ရပ်ဆိုင်းအောင် အပစ် ရပ်စဲ ရေးဆောင်ရွက်နိုင်ခဲ့သည့် အပြင် KNU အဖွဲ့က တောင်းဆိုသည့် နိုင်ငံရေးဆွေးနွေးမှုကို စတင်နိုင်ခဲ့သည်ဟု ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

‘‘အခုက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ကရင် တစ်မျိုးသားလုံး ပါလာနိုင်တဲ့ အပေါ်မှာ တိုးတက်မှုတစ်ခု၊ တစ် ပြည်လုံး ငြိမ်းချမ်းရေးအတွက် KNU က မစွမ်းဆောင်နိုင်ပေမယ့် လည်း KNU ဒေသအတောအတွင်း မှာတော့ လက်နက်ကိုင်ပဋိပက္ခ တွေ လျော့နည်းသွားတာပေါ့။ တိုက်ပွဲတော့ နည်းနည်းပါးပါးရှိ တာပေါ့။ တချို့ ကရင်လက်နက် ကိုင်အဖွဲ့တွေနဲ့ KNU နဲ့ တိုက် ရိုက်ထိတွေ့မှုက မရှိသလောက် လို့ပြောလို့ရပါတယ်။ မရှိတဲ့ အပေါ်မှာ လူတွေသေကျေပျက်စီး ပြေးရလွှားရတာမရှိတော့ဘူးပေါ့ဗျာ’’ဟု ၎င်းက ပြောသည်။

သို့ရာတွင် ကရင်တိုင်းရင်း သား ဒေသများတွင် လူနေမှုဘဝ တိုးတက်မြင့်မားရေး ဆောင်ရွက် ရန်လုပ်ငန်းများစွာ ရှိနေသည်ဟု ၎င်းကဆိုသည်။ တပ်မတော်နှင့် KNU တို့၏ ယခင်က ဖြစ်ပွားခဲ့ သော စစ်ပွဲများကြောင့် ကရင် ဒေသရှိ ဒုက္ခသည်တစ်သိန်းကျော် တို့သည် လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင် နေရပြီး ၎င်းတို့ကို ပြန်လည်နေရာချထားရေး မစတင်နိုင်သေးပေ။



Credit To >> > 7 Day Daily

0 comments:

Post a Comment