Friday, February 17, 2017

လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲ၍ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်အဆုံးအဖြတ် ခံယူမည်

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသည့် နိုင်ငံ သားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ် လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေး ရေးဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက်တင်ပြ ၍ အဆုံးအဖြတ်ခံယူမည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၆ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်သို့အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာ သည့် ယင်းဥပဒေကြမ်းအပေါ် ပြည်သူ့လွှတ်တော်က သုံးချက် သာ သဘောတူပြီး ကျန်ခုနစ်ချက်က သဘောထားကွဲလွဲခဲ့သည်။


ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းကော်မတီက ထပ်မံပြင်ဆင် ရန်တင်ပြချက်များကို လွှတ်တော် ၏ သဘောထားတောင်းခံပြီး ယင်းဥပဒေကြမ်းကို အတည်ပြုခဲ့ သည်။

ထို့အပြင် ပြည်သူ့လွှတ် တော်က ပြည်ထဲရေးဝန်ကြီးဌာန နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနတို့၏ သဘော ထားတောင်းခံရာ ၀န်ကြီးဌာနနှစ်ခုကလည်း ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ်အတိုင်းသဘောတူခဲ့သည်။

ပြင်ဆင်ရန်တင်ပြချက်ခုနစ် ချက်တွင် ယင်းဥပဒေအရ ရဲစခန်း သို့ သွားရောက်တိုင်ကြား၍ ရဲကအမှုဖွင့်မပေးပါက အရေးယူမည့်ပုဒ်မကိုပါ ပြင်ဆင်တင်ပြထားကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဦးထွန်းထွန်းဟိန်က ပြောသည်။

‘‘ရဲစခန်းကိုသွားတိုင်တဲ့အ ခါမှာ ရဲကအရေးယူပေးရမယ်။ အရေးယူမပေးဘူးဆိုရင် အမှုမ ဖွင့်ပေးတဲ့ရဲကို ကျွန်တော်တို့က အပြစ်ပေးဖို့အတွက် ထည့်ထား တယ်’’ဟု ၎င်းကပြောသည်။

ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းကော်မတီက ထပ်မံပြင်ဆင် ရန် တင်ပြချက်များတွင် ပုဒ်မ ၉ ပါ ယင်းတာဝန်ကို ဆောင်ရွက်ရန် အကြောင်းမဲ့ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် အ နည်းဆုံးထောင်ဒဏ်ခြောက်လမှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ် သုံးသိန်းမှ အများဆုံးကျပ် ဆယ့်ငါး သိန်းအထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း ပါရှိသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment