အထူးစီမံကိန်းအနေနှင့် လျာ ထားသည့်ခုံးကျော်တံတားသုံးစင်းအ တွက် ကျပ် ၅၄ဘီလီယံကျော် အသုံး ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှသိရ သည်။ယင်းတံတားသုံးစင်းမှာ တာမွေ ငါးခွဆုံခုံးကျော်တံတား၊ ရှစ်မိုင်ခုံးကျော်တံတားနှင့် ကုက္ကိုင်းလမ်းဆုံခုံးကျော် တံတားတို့ဖြစ်ကြောင်းသိရသည်။
''ဒီတံတားသုံးစင်းက ရန်ကုန်တိုင်း ဒေသကြီးအစိုးရကနေ ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း အထူးစီမံကိန်းအ ဖြစ်လျာထားတာပါ''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကြီး တန်းအရာရှိတစ်ဦးက ပြောသည်။
တံတားတည်ဆောက်ခွင့်အနေ နှင့် တာမွေငါးခွဆုံခုံးကျော်တံတားအား ရွှေတောင်ကုမ္ပဏီ၊ ရှစ်မိုင်ခုံးကျော်တံ တားအား Crown Advance ကုမ္ပဏီ နှင့်
ကုက္ကိုင်းလမ်းဆုံခုံးကျော်တံတား အား Capital Development မှ အ သီးသီးတည်ဆောက်ခွင့်ရရှိခဲ့သည်။

''အသုံးပြုသွားမယ့်ငွေပမာဏက တာမွေကို ၂၂ဒသမ၅ဘီလီယံ၊ ကုက္ကိုင်း ကို ၁၅ဒသမ၄ဘီလီယံနဲ့ ရှစ်မိုင်ကို ၁၆ဒသမ၄၅ဘီလီယံ အသီးသီးအသုံး ပြုသွားမှာပါ''ဟု ယင်းကပြောသည်။
အဆိုပါတံတားများတည်ဆောက် ပြီးပါက ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်
တည်းမှုလျော့ကျသွားရန်မျှော်လင့် ကြောင်း ယာဉ်မောင်းအများစုက ပြော သည်။
တည်းမှုလျော့ကျသွားရန်မျှော်လင့် ကြောင်း ယာဉ်မောင်းအများစုက ပြော သည်။
''ပြီးသွားရင်တော့ ယာဉ်ကြောကျပ် တည်းမှုတွေလျော့သွားစေဖို့ မျှော်လင့်
ပါတယ်။ တံတားတည်ဆောက်ချိန်မှာ တော့ ယာဉ်ကြောတော်တော်ကျပ်မှာ ပါ။
ပါတယ်။ တံတားတည်ဆောက်ချိန်မှာ တော့ ယာဉ်ကြောတော်တော်ကျပ်မှာ ပါ။
တစ်ခုတောင်မဟုတ်ဘူး သုံးခုစလုံး တစ်ပြိုင်နက်နီးပါးဆောက်မှာဆိုတော့
ရန်ကုန်မြို့ရဲ့ယာဉ်ကြောကျပ်တည်းမှု က ပေါ့သေးသေးတော့ မဟုတ်တော့ ဘူး''ဟု တက္ကစီယာဉ်မောင်းတစ်ဦးဖြစ် သူ ကိုအေးနိုင်ကပြောသည်။
ရန်ကုန်မြို့ရဲ့ယာဉ်ကြောကျပ်တည်းမှု က ပေါ့သေးသေးတော့ မဟုတ်တော့ ဘူး''ဟု တက္ကစီယာဉ်မောင်းတစ်ဦးဖြစ် သူ ကိုအေးနိုင်ကပြောသည်။
လက်ရှိအခြေအနေတွင် အဆိုပါ တံတားသုံးစင်းအားတည်ဆောက်ရန်
လုပ်ကိုင်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိ ရသည်။
Credit to>>>Yangon Media Group
0 comments:
Post a Comment