Friday, February 17, 2017

အောင်ဝင်းခိုင်မှာ DSA အပတ်စဉ် ၃၆ ဖြစ်ပြီး အရိုးကျီးပေါင်းရောဂါကြောင့် တပ်မှနုတ်ထွက်ခဲ့ဟုဆို

 ဦးကိုနီကို လုပ်ကြံရန် ကျပ်သိန်းတစ်ထောင်ပေး၍ စေ ခိုင်းခဲ့သော ဒုတိယဗိုလ်မှူးကြီး ဟောင်း အောင်ဝင်းခိုင်သည် စစ် တက္ကသိုလ် DSA အပတ်စဉ် (၃၆)ဆင်းဖြစ်ပြီး ၎င်းသည် အရိုး ကျီးပေါင်းတက်သော ရောဂါ ကြောင့် တပ်မတော်မှ နုတ်ထွက် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့် DSA အပတ်စဉ်တူတက်ခဲ့သော လွှတ် တော်အမတ် ဦးလင်းဇော်ထွန်းက BBC သတင်းဌာနအား ဖြေကြား ထားသည်။

အောင်ဝင်းခိုင်သည် ခလရ (၃၂) ၏ တပ်ရင်းမှူးတာဝန်ထမ်း ဆောင်ခဲ့ဖူးပြီး တပ်မတော်တွင် နောက်ဆုံးထမ်းဆောင်ခဲ့သော ရာထူးမှာ အမှတ် (၁၄) တပ်မ တော် တန်းမြင့်လေ့ကျင့်ရေး ကျောင်း နည်းပြမှူးဖြစ်ကြောင်း BBC ကဖော်ပြထားသည်။၂၀၁၄ တွင် ၎င်း၏ဆန္ဒအရ တပ်မတော် မှ နုတ်ထွက်ခဲ့ကြောင်းလည်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန် ချက်တွင်ပါရှိသည်။
အောင်ဝင်းခိုင်သည် ယခုကဲ့ သို့လုပ်ရပ်မျိုး လုပ်မည်ဟု ထင် မထားခဲ့ကြောင်း အပတ်စဉ်တူ ဦးလင်းဇော်ထွန်းက ပြောကြားခဲ့ သည်။ ဦးလင်းဇော်ထွန်းသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အရပ်ဘက်သို့ ပြောင်းကာ ရွေး ကောက်ပွဲဝင်ခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီမှ မိုင်းဖြတ်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ်ဖြစ်သည်။
 အိမ်နီးနားချင်းများ၏ အဆို အရ  အောင်ဝင်းခိုင်၏မိသားစု သည် စီးပွားရေး တောင့်တင်း ကြောင်း ရပ်ကွက်အတွင်းမှာပင် နေအိမ်နှင့်မြေကွက် ဆယ်နှင့်ချီရှိပြီး အငှားယာဉ်အစီးရေများစွာ၊ကားဝပ်ရှော့တစ်ခုနှင့် အီလက်ထရွန် နစ် ဆိုင်တစ်ဆိုင်လည်း ပိုင်ဆိုင် ကြောင်းပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment