Friday, February 17, 2017

ရန်ကုန်တွင် မြေအောက်ရထားစနစ် လုပ်ဆောင်ရန် ဂျပန်နှင့် တိုင်ပင်နေကြောင်း ပို့ဆောင်ရေးဝန်ကြီးပြော

ရန်ကုန်မြို့တွင် မြေအောက်ရထားစနစ် လုပ်ဆောင်ရန် ဂျပန်နှင့် တိုင်ပင်ထားကြောင်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က သတင်းထောက်များအား ပြောသည်။

အဆိုပါ မြေအောက်ရထား စနစ်သည် ရန်ကုန်ဘူတာကြီးမှ မင်္ဂလာဒုံလေဆိပ်သို့ တောင်မှ မြောက်သို့ ပြေးဆွဲမည့် Urban Mass Rapid Transit (MRT) စနစ်ဖြစ်ကြောင်း၊ ၀န်ကြီးက ဖေ ဖော်ဝါရီ ၁၆ ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေးအပြီး၌ သတင်းထောက် များအား ပြောသည်။


‘‘ရန်ကုန်မြို့က တချို့လမ်း တွေကျဉ်းတယ်။ မြေအောက်က သွားမယ်။ တချို့နေရာမြေမရှိရင် မော်တော်ကားလမ်းအောက်က သွားမယ်။ အဲဒါက အလွယ်ဆုံးပဲ။ တိုက်တွေအောက်မှာဆို အုတ် မြစ်တွေရှိမယ်။ အဲဒါမျိုးတွေပေါ့။ ဘယ်ဟာဖြစ်သင့်လဲဆိုတာပေါ့။ နောက်တစ်ခါမြေပေါ်က သွား မယ့်ဟာရှိတယ်။ လေထဲက သွား မယ့်ဟာလည်းရှိမယ်။ မက်ထရို (မြေအောက်ရထား)တော်တော် များများဟာ သူရဲ့ ပထ၀ီဝင်အ နေအထားအရ မြေပေါ်က သွားရ တာလည်းရှိတယ်။ မြေအောက် က သွားရတာလည်း ရှိတယ်။ အဲ ဒါတွေ မတ်လမှာ ထပ်လုပ်ဖို့ရှိ တယ်’’ဟု ၀န်ကြီးက ပြောသည်။

မြေအောက်ရထားစနစ် သည် ချက်ချင်းဖြစ်နိုင်မည် မဟုတ်သော်လည်း အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

ထို့အပြင် မိုးပျံရထားစနစ်ကို ပါ ရန်ကုန်တွင် တည်ဆောက်နိုင် ရန် စဉ်းစားသင့်ကြောင်း ၀န်ကြီး က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် စတင်အ ကောင်အထည်ဖော်နေပြီဖြစ်သော ဟံ သာဝတီအပြည်ပြည်ဆိုင်ရာ လေ ဆိပ်စီမံကိန်းနှင့် အချိန်ကိုက်ဖြစ် စေရန် ယင်းရထားစနစ်များအ တွက် ဂျပန်နှင့် တိုင်ပင်နေကြောင်း ၀န်ကြီးက ပြောသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြော ကျပ်တည်းမှုများ နေ့စဉ်ဆိုးရွား လာနေပြီး ယင်းကိုဖြေရှင်းရန် အ စီအစဉ်တစ်ရပ်အဖြစ် တိုင်းအစိုး ရက ပြီးခဲ့သည့်လတွင် ရန်ကုန် ဘတ်စ်ကားဝန်ဆောင်မှုစနစ်ကို စတင်ခဲ့သော်လည်း လက်ရှိအ ချိန်ထိ အောင်မြင်အဆင်ပြေခြင်း မရှိသေးပေ။



Credit To >>> 7 Day Daily

0 comments:

Post a Comment