Thursday, February 16, 2017

လက်ပံတောင်းကြေးနီစီမံကိန်းမှ ရှစ်လကျော်အတွင်း ဒေါ်လာသန်း ၂၀ ခန့်ရခဲ့ဟုဆို

လက်ပံတောင်း တောင်ကြေးနီ သတ္တုတွင်းစီမံ ကိန်း စီးပွားဖြစ် ထုတ်လုပ်ပြီး နောက်ပိုင်း ရှစ်လကျော်အတွင်း နိုင်ငံတော်က အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့်ရရှိကြောင်း သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေး၌ ပြောကြားသည်။


သတ္တုတွင်းထူထောင်မှုကာ လသည် ခြောက်နှစ် နှစ်လကြာမြင့်ပြီး စီးပွားဖြစ်ထုတ်လုပ်မှုကို ၂၀၁၆ မေလ ၅ ရက်က စတင်ခဲ့၍ ၂၀၁၇ ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံ တော်က ရရှိမှုပမာဏသည် အမေရိကန်ဒေါ်လာသန်း ၂၀ ခန့် (၁၉,၉၉၀,၈၇၆ ဒသမ ၉၁) ရှိ ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လွှတ်တော်၌ ဖြေ ကြားခဲ့သည်။
‘‘စီးပွားဖြစ်ထုတ်လုပ်မှုကို ၂၀၁၆ မေလ ၅ ရက်က စ၍ သတ် မှတ်ခဲ့ပြီး ထွက်ရှိလာတဲ့ ကတ် သုတ်ကြေးနီများကို ပြင်ဆင်ချက် စာချုပ်ပါ ခွဲဝေမှုနှုန်းထားနဲ့အညီ ခွဲဝေဆောင်ရွက်မှာ ဖြစ်တဲ့အ တွက် နိုင်ငံတော်ရဲ့အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းကို မေလ ၅ ရက် နောက်ပိုင်းကစပြီး ရရှိမှာဖြစ်ပါ တယ်’’ဟု ဦးအုန်းဝင်းက ဆိုသည်။ ထို့အပြင် နိုင်ငံတော်က ပစ္စည်းအနေဖြင့် ဓာတ်သတ္တုခွန် ကတ်သုတ်ကြေးနီ ၉၈၃ ဒသမ ၇၅၆ မက်ထရစ်တန်နှင့် အမှတ် (၁)သတ္တုတွင်းလုပ်ငန်းခွဲဝေမှုအ ချိုး ၁,၆၈၂ ဒသမ ၄၁၇ မက်ထရစ် တန်ရရှိပြီး အဆိုပါကတ်သုတ် ကြေးနီများကို တင်ဒါခေါ်ယူ ရောင်းချမည်ဟု ပြည်ထောင်စုဝန် ကြီးက ဆိုသည်။ သို့ရာတွင် တင် ဒါခေါ်ယူရောင်းချမည့်အချိန်ကာ လကို တိကျစွာ ဖြေကြားခြင်းမရှိ ပေ။  မူလက သတ္တုတွင်းထူ ထောင်မှုကာလ သုံးနှစ်သတ်မှတ် ခဲ့သော်လည်း ဒေသခံကျေးရွာ ပြည်သူလူထုနှင့် ညှိနှိုင်းဆောင် ရွက်နေရမှုများကြောင့် လုပ်ငန်း များနှောင့်နှေးပြီး ထူထောင်မှု ကာလသက်တမ်းတိုးခြင်းကို ပထ မအကြိမ် တစ်နှစ်ခြောက်လနှင့် ဒုတိယအကြိမ် တစ်နှစ်ခြောက်လ ခွင့်ပြုခဲ့သောကြောင့် စုစုပေါင်း ထူထောင်မှုကာလ ခြောက်နှစ်နှစ် လကြာမြင့်သည်ဟု ပြည်ထောင် စုဝန်ကြီးက လွှတ်တော်သို့ တင်ပြ ခဲ့သည်။
လက်ပံတောင်းကြေးနီစီမံ ကိန်းမှ နိုင်ငံတော်၏ အကျိုးအ မြတ် ၅၁ ရာခိုင်နှုန်းကို တာဝန်လွှဲ ပြောင်းချိန်အထိ မည်မျှရရှိခဲ့ ကြောင်းနှင့် ၂၀၁၆ ဧပြီကစ၍ မည်သို့ ဆောင်ရွက်မည်ကို သိလို ကြောင်း မြိုင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး အောင်ခင်ဝင်းက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment