Thursday, February 16, 2017

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးများကို ဆက်လက်ကာရံနေကြောင်း ပြည်ထဲရေးဒုဝန်ကြီးပြော


မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံ ခြင်းလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း ပြည်ထဲ ရေးဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်က မောင် တောနှင့် ဘူးသီးတောင်မြို့နယ် တို့ရှိ ဒေသလုံခြုံရေးဆောင်ရွက် မှုကို မေးမြန်းခဲ့ရာ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ယင်းသို့ ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အနောက် မြောက် နယ်စပ်ဒေသတစ် လျှောက် ကုန်းနယ်နိမိတ်လုံခြုံ ရေးအတွက် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းကို ၂၀၀၉ မတ်လ ၁၃ ရက်မှ ၂၀၁၄ မတ်လ ကုန်အထိ အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

လက်ရှိ ခြံစည်းရိုးကာရံထား မှုသည် B-2 မှ BP-66 အထိ ၁၁၄ ဒသမ ၆၅ မိုင်ဖြစ်ပြီး ယခု ဘဏ္ဍာရေးနှစ်တွင် တုံးချောင်းဝမှ အငူမော်ကျေးရွာအထိ မိုင် ၄၀ အရှည်ရှိ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိ ကြောင်း ဒုဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့သည် နယ်စပ်နယ် နိမိတ် ၁၆၈ ဒသမ ၅၇ မိုင်ထိ ထိစပ်လျက်ရှိသည်။ ဘင်္ဂလားပင် လယ်အော် နတ်မြစ်ဝမှ မြောက် ဘက်မြစ်ဖျားအထိ ၃၉ ဒသမ ၈၂ မိုင်နှင့် နတ်မြစ်ဖျားမှအစပြုကာ ချောင်းများ၊ တောင်ထိပ်များနှင့် ကုန်းပိုင်းတစ်လျှောက် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင် BP-31 မှ မြန်မာ-ဘင်္ဂလားဒေ့ရှ် -အိန္ဒိယ သုံးနိုင်ငံဆိုင်ရာ နယ်စပ် မှတ်တိုင် BP-73 အထိ ၁၂၈ ဒသမ ၇၅ မိုင် ထိစပ်လျက်ရှိ သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment