Thursday, February 16, 2017

အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်နှင့် သံတမန်များ ပထမဆုံးအကြိမ် တွေ့ဆုံ



ပြည်ထောင်စုအစိုးရ အဖွဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း နှင့် ရန်ကုန်အခြေစိုက် သံတမန် များ၊ ကုလအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ဖေဖော်ဝါရီ ၁၅ ရက်က မိတ်ဆက်တွေ့ဆုံခဲ့ သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံ တော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင် မျိုးဝင်းတို့ တက်ရောက်ခဲ့သည်။ တွေ့ဆုံပွဲသတင်းယူရန် ပြန်ကြား ရေးဝန်ကြီးဌာနက မီဒီယာများ အား ဖိတ်ကြားခဲ့သော်လည်း ရှင်းလင်းဖြေကြားမှုများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ မိနစ်ပိုင်းသာ မှတ်တမ်း ဓာတ်ပုံရိုက်ခွင့်ပြုခဲ့သည်။

တွေ့ဆုံပွဲသည် သုံးနာရီ ကျော် ကြာမြင့်ပြီး ပွဲအပြီးတွင် စောင့်ဆိုင်းနေသည့် သတင်းထောက်များအား ရှင်းလင်းပွဲပြုလုပ်နိုင်ခြင်း မရှိကြောင်းနှင့် သတင်းထုတ်ပြန်ပေးမည်ဖြစ် ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အထောက်အကူပြုအဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

‘‘ဒီနေ့က ကျွန်တော်တို့ ဦးသောင်းထွန်းနဲ့ မိတ်ဆက်ပေး တာပဲ ဖြစ်တယ်။ အဲဒီတော့ ကျွန် တော်တို့သတင်းကို မကြာခင် ထုတ်ပြန်ပါမယ်’’ဟု ၎င်းက မီဒီ ယာများအား ပြောသည်။

ဦးသောင်းထွန်းအား ပြည် တွင်း၊ ပြည်ပ ဘေးအန္တရာယ်များ နှင့်ပတ်သက်၍ အစိုးရအဖွဲ့ကိုသုံးသပ်အကြံပြုနိုင်ရန် သမ္မတက ဇန်နဝါရီ ၁၀ ရက်စွဲဖြင့် အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။

ဦးသောင်းထွန်းသည် ၁၉၇၂ မှ ၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းသံတမန်တစ်ဦးအဖြစ် အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment