Friday, February 17, 2017

မြန်မာ့ အိမ်ခြံမြေကဏ္ဍတွင် စင်ကာပူ အများဆုံးရင်းနှီးမြှုပ်နှံထား


မြန်မာနိုင်ငံ၏ အိမ်ခြံ မြေကဏ္ဍတွင် စင်ကာပူနိုင်ငံက အများဆုံးဝင်ရောက်ရင်းနှီးမြှုပ်နှံ နေကြောင်း House.com.mmက သတင်းထုတ်ပြန်သည်။

၂၀၁၆တွင် အိမ်ခြံမြေဈေး ကွက်ကျဆင်းနေသော်လည်းလာ ရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများသည် မလျော့နည်းသွားဘဲစင်ကာပူနိုင်ငံက ဦးဆောင်နေကြောင်း House.com.mm က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်သောအချက်အလက်များကို ကိုးကားပြီး ပြန်လည်ထုတ်ပြန်သည်။

ထို့အပြင် ယခု ၂၀၁၇တွင် အိမ်ခြံမြေကဏ္ဍ၌ ၀င်ရောက်ရင်း နှီးမြှုပ်နှံရန် ပြင်ဆင်နေသည့် အ ခြားနိုင်ငံများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၀က်ဘ်ဆိုက်ဖြစ်သော www.DICA.comတွင် စင်ကာပူနိုင်ငံက မြန်မာနိုင်ငံ၌ ကန်ဒေါ်လာ ၃ဒသမ၄ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားကြောင်း ဖော်ပြထားသည်။

အိမ်ခြံမြေကဏ္ဍတွင် စင် ကာပူနိုင်ငံက အဆောက်အအုံ စီမံကိန်းများ၌ ၀င်ရောက်ငှား ရမ်းခြင်း၊ ၀ယ်ယူခြင်းများဖြင့် အ များဆုံးပြုလုပ်ပြီး ဒုတိယရင်းနှီး မြှုပ်နှံမှုအများဆုံးနိုင်ငံအဖြစ် ဟောင်ကောင်၊ ဂျပန်၊ ဗြိတိန်၊ ဗီယက်နမ်နှင့် တောင်ကိုရီးယား တို့က အစဉ်လိုက်ရပ်တည်လျှက် ရှိကြောင်းသိရသည်။

၂၀၁၇တွင် တန်ဖိုးနည်းအိမ် ရာစီမံကိန်းများ ပိုမိုအကောင်အ ထည်ဖော်လာနိုင်ဖွယ်ရှိနေပြီး အ ဆင့်မြင့်အိမ်ရာဈေးကွက်၊ ရုံးခန်း နေရာရောင်းဝယ်ငှားဈေးကွက် များ မကြာမီတဖြည်းဖြည်းတိုး တက်လာနိုင်ကြောင်း ပြည်ထောင် စုဝန်ကြီးဦးဝင်းခိုင်က ၎င်းတို့နှင့် တွေ့ဆုံစဉ် ပြောကြားထား ကြောင်း House.com.mm က ဖော်ပြထားသည်။

House.com.mm၏ Co-founderနှင့် မန်နေဂျင်းဒါရိုက်တာ က ရင်းနှီးမြှုပ်နှံမှုများတိုးတက် လာခြင်း၏ သက်ရောက်မှုအဖြစ် စီးပွားရေးလုပ်ငန်းများဆောင် ရွက်နိုင်သည့် အိမ်ခြံမြေရောင်း၊ ၀ယ်၊ ငှားလိုမှုနှုန်းမြင့်မားလာနိုင် ကြောင်း ပြောသည်။

‘‘အထူးသဖြင့် စက်မှုဇုန် ဘက်ခြမ်းတွေမှာ အိမ်ခြံမြေလုပ် ငန်းတွေ အားကောင်းလာနိုင်ပါ တယ်’’ဟု ၎င်းကဆိုသည်။

၂၀၁၇ တွင် အိမ်ခြံမြေကဏ္ဍ အပေါ် ပိုမိုရင်းနှီးမြှုပ်နှံမှုများပြား လာပြီး ဈေးကွက်အလားအလာ ကောင်းမွန်ရန်အခြေအနေများ ရှိကြောင်း အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများက ပြော သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment