Friday, February 17, 2017

မူဆယ်နယ်စပ်ဂိတ်အဆင့်မြှင့်တင်ရန် ကုမ္ပဏီငါးခု အဆိုပြုလွှာတင်

မူဆယ်နယ်စပ်ကုန် သွယ်ရေးဂိတ်ကို အဆင့်မြှင့်တင် ရန် ပြည်နယ်အစိုးရ၏ ဖိတ်ခေါ်မှု ကြောင့် ကုမ္ပဏီငါးခု လာရောက် လျှောက်ထားကြောင်း သတင်းရရှိ သည်။

မူဆယ်နယ်စပ်ကုန်သွယ် ရေးဂိတ်ကို တရုတ်ဘက်အခြမ်း နှင့်အပြိုင် မြှင့်တင်ရန် ပြည်နယ် အစိုးရက ဖေဖော်ဝါရီ ၁၁ ရက်တွင် လုပ်ငန်းရှင်များကို ဖိတ်ခေါ် ခဲ့သည်ဟု ရှမ်းပြည်နယ်အစိုးရစီမံ ကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုး ညွန့်လွင်က ပြောသည်။

‘‘အစိုးရနဲ့ ပေါင်းချင်တဲ့သူ တွေရော၊ ကိုယ်ပိုင်လုပ်ချင်တဲ့ သူတွေရော တင်ပြကြတာပါ။ ရှမ်း ပြည်နယ်အစိုးရက ပြည်သူလူထု နဲ့ သဘာဝပတ်ဝန်းကျင်ကို မထိ ခိုက်ရင် အကုန်ခွင့်ပြုပေးဖို့ မူဝါဒ ချထားပါတယ်’’ဟု ၎င်းက ဆက် လက်ပြောသည်။

မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းကို အဆင့်မြှင့်တင်ရန် လုပ်ငန်းရှင်များက အဆိုပြုတင် ပြမှုများရှိပြီး အဓိကအားဖြင့် အ အေးခန်းသိုလှောင်ရုံများ၊ အ ခြောက်ခံစက်ရုံများ၊ ကားဝင်းပြင် ဆင်မှုများ၊ စီမံကိန်းတိုးချဲ့မည့် လုပ်ငန်း၊ လမ်းတိုးချဲ့မှုလုပ်ငန်း နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဖြစ်သည်ဟု ဝန်ကြီးဦးစိုးညွန့်လွင် က ပြောသည်။

မူဆယ် နယ်စပ်ကုန်သွယ် ရေးစခန်း အဆင့်မြှင့်တင်ရန် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်း၍ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည် နယ်အစိုးရ၏ သဘောထားဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၏ ခွင့်ပြုချက်ရယူမည်ဟု ဆိုသည်။ အဆိုပါလုပ်ငန်းများအတွက် ပြုလုပ်မည့်အချိန်ကို သတ်မှတ်ချက် မထားရှိသေးကြောင်း ဦးစိုးညွန့် လွင်က ပြောသည်။

၂၀၁၆ နိုဝင်ဘာအတွင်းက မြောက်ပိုင်း မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် မူဆယ်ကုန် သွယ်ရေးရပ်တန့်ခဲ့ပြီး တရုတ်-မြန်မာကုန်စည်စီးဆင်းမှု နစ်နာ ခဲ့ရသည်။ ထိုတိုက်ပွဲများကြောင့် မူဆယ်ကုန်သွယ်စခန်းတွင် ပြီးခဲ့ သည့်နှစ်ကာလတူထက် တစ်လ အတွင်း အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် နစ်နာခဲ့ရသည်။

‘‘တကယ်တော့ တိုက်ပွဲ ကြောင့် လမ်းပိတ်သွားတယ်။ အ သွားအလာမရှိခဲ့ဘူး။ သွင်းကုန် ရော၊ ပို့ကုန်ရော နှစ်ခုစလုံးရပ် သွားတာ။ သွင်းကုန်ကျတော့ မှောင်ခိုလုပ်တာကြောင့် စာရင်း တွေမပါတာ။ တကယ်တော့ တိုက်ပွဲတွေကြောင့် ကုန်သည် တွေ အဓိကအခက်အခဲဖြစ်ခဲ့ရ ပါတယ်’’ဟု မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်းမှ ကုန်သည်တစ် ဦးက ပြောသည်။

လက်ရှိ မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်း၌ ကုန်သွယ်ရာ တွင်လည်း လမ်းပန်းဆက်သွယ် ရေးအခက်အခဲများကြောင့် ကုန် သွယ်မှုလျော့ကျခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment