Monday, January 9, 2017

အာဆီယံနိုင်ငံတွေအနေနဲ့ ခရီးသွားလုပ်ငန်းအခြေခံအဆောက် အအုံပိုင်းမှာ အလေးထားဖြည့်ဆည်းထားဖို့လိုနေတယ်လို့ ကမ္ဘာ့ ခရီးသွားလုပ်ငန်းကောင်စီ တိုက်တွန်း

Image may contain: 3 people, people standing, tree, shoes and outdoor
အနာဂတ်ကာလမှာ ဒေသတွင်းနဲ့ တရုတ်နိုင်ငံတို့ကနေ တိုးပွားဝင်ရောက်လာနိုင်မယ့် ခရီးသွားဧည့်သည်တွေကို အလျင်မီအောင် ဧည့်ခံကြိုဆိုပေးနိုင်ဖို့အတွက်ကတော့ အာဆီယံဒေသနိုင်ငံတွေအနေနဲ့ ယင်းတို့ရဲ့ ခရီးသွားလုပ်ငန်းအခြေခံအဆောက်အအုံပိုင်းမှာ အဆင်သင့်ဖြစ်နေအောင်လုပ်ဆောင်ထားဖို့ လိုတယ်ဆိုပြီးကမ္ဘာ့ ခရီးသွားလုပ်ငန်းကောင်စီ WTTC က တိုက်တွန်းသွားပါတယ်။
လက်ရှိ အရှေ့တောင်အာရှဒေသဟာဆိုရင်လည်း အကောင်းဆုံးသော လုပ်ငန်းစွမ်းဆောင်ရည်တွေကို ပြသထားနိုင်တဲ့ ခရီးသွားလုပ်ငန်းဒေသတွေထဲက တစ်ခုအပါအ၀င်ဖြစ်နေတယ်လို့ WTTCရဲ့ ဥက္ကဌနဲ့ စီအီးအို David Scowsill က ပြောပါတယ်။

အလားတူ ၂၀၁၅ ခုနှစ်ကတော့ အာဆီယံဒေသနိုင်ငံတွေရဲ့စီးပွားရေးပိုင်းမှာ ခရီးသွားလုပ်ငန်းပိုင်းရဲ့ ထည့်ဝင်ကူညီနိုင်မှုကပျမ်းမျှ ၇ ဒသမ ၉ ရာခိုင်နှုန်းနဲ့ တိုးတက်လာခဲ့ပြီး ယင်းနှုန်းထားဟာတောင်အာရှက ၇ ဒသမ ၄ ရာခိုင်နှုန်း၊ သမုဒ္ဒရာကျွန်းဒေသက၆ ဒသမ ၂ ရာခိုင်နှုန်းတို့ထက် သာလွန်နေခဲ့တယ်လို့ သိရပါတယ်။

ယခုလို တိုးတက်မှုတွေ ရှိခဲ့တာကလည်း ဒေသတွင်း တစ်စုတစ်စည်းတည်းသော စီးပွားရေးခိုင်မာအားကောင်းမှုတွေနဲ့အတူ တရုတ်ဈေးကွက်ရဲ့ အလျင်အမြန်ကြီးထွားလာမှုကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။

“ ထိုင်း၊ မြန်မာနဲ့ ဗီယက်နမ် တို့ဟာဆိုရင် ၂၀၁၅ တုန်းက အမြန်ဆန်ဆုံးနဲ့တိုးတက်နေခဲ့တဲ့ ခရီးသွားနိုင်ငံဆယ်နိုင်ငံထဲမှာ ပါခဲ့ပါတယ်၊ထိုင်းနဲ့ အင်ဒိုနီးရှားတို့ဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ၂၀ စာရင်းဝင်ခဲ့ပါတယ်” လို့ Scowsill က ပြောသွားပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment