အစ္စရေးနိုင်ငံ၌ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရပ်များ လာရောက်ဆည်းပူးခဲ့သော မြန်မာလူငယ်များအနေဖြင့် လုပ်ငန်းနယ်ပယ် တွင် ပြန်လည်အသုံးချမှု မရှိခြင်းအပေါ် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီံး H.E.Hagay M Behar ထုတ်ဖော် မေးမြန်း လိုက်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဇူလိုင်၉ ရက် အပတ်စဉ်အစည်းအဝေးတွင် ပြောကြားလိုက်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက နှစ်နိုင်ငံ ပူးပေါင်းအစီအစဉ်များအရ အစ္စရေးနိုင်ငံသို့ သွားရောက်ကာ မွေးမြူရေးနှင့် ရေလုပ်ငန်း ပညာရပ်များကို ဆည်းပူးခဲ့သည့် မြန်မာ့လူငယ်အရေအတွက်သည် ၂၀ဝကျော် အထိရှိခဲ့ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်အမှုဆောင် ဒေါက်တာသန်းလှက ပြောသည်။
ဒေါက်တာသန်းလှက “ကျွန်တော်တို့ နဲ့ တွေ့တဲ့အချိန်မှာ အစ္စရေး သံအမတ်ကြီးက မေးတဲ့အခါမှာ ဖြေဖို့က တော်တော်ခက်တယ်။
အခြေအနေ ကွာဟချက်များလို့လား။
ဘာဖြစ်လို့လဲဆိုတာကို ဖြစ်ပေါ်နေတဲ့ ဒီအခြေအနေကို ပြန်လည်သုံး သပ်သွားမှာပါ။ သူတို့ က အကူအညီတော့ ရပ်မယ် လို့တော့ မပြောပါဘူး။ အကူအညီကိုတော့ ဆက်လက် ပေးသွားမှာပါ” ဟု ပြောကြားသည်။
အစ္စရေးနိုင်ငံအနေဖြင် မြန်မာနိုင်ငံအပေါ် လွန်ခဲ့သည့်နှစ် အတန်ကြာမှ စတင်ကာ မွေးမြူရေးနှင့်စိုက် ပျိုးရေးနယ်ပယ်တို့တွင်
အဆင့်မြင့်နည်း ပညာများအား အကူအညီ ပေးလျှက်ရှိသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒေါက်တာ တိုးနန္ဒတင်က “သူတို့ဆီက နည်းပညာတွေက very highest အရမ်းအဆင့်မြင့် နေပြီ။ ဒါတွေကို ပြန်သုံးဖို့က ဒီက အခြေအနေနဲ့ Apply မဖြစ်ဘူး၊ သူတို့နိုင်ငံရဲ့ လေးပုံ သုံးပုံလောက်က သဲမြေတွေ” ဟု ပြောသည်။
အစ္စရေးနိုင်ငံ၌ အထက်ပါပညာရပ်များကို ဆည်းပူးခဲ့ကြသော အခြားနိုင်ငံများမှ လူငယ်များအနေဖြင့် လုပ်ငန်းနယ်ပယ်တွင်
ပြန်လည်အသုံးချမှု ရှိနေကြောင်း အစ္စရေး သံအမတ်ကြီး က ပြောကြားခဲ့ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆက်လက်ပြောကြားသည်။
ပညာတော်သင် လူငယ်များသည် ပညာသင်ကြားလာပြီး မြန်မာနိုင်ငံတွင် အသုံးချရန်ထက် အခြားနိုင်ငံများသို့သာ သွားရောက်
လုပ်ကိုင်လျက် ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချူပ် ဒုတိယ ဥက္ကဌ ဦးဟန်ထွန်း က မှတ်ချက်ပြုပြောကြားသည်။
Mizzima - News in Burmese

0 comments:
Post a Comment