Monday, January 9, 2017

အန္တရာယ်ရှိ စားသုံးဆီ ထုတ်လုပ်ရောင်းချသူများကို ဥပဒေဖြင့် စတင်အရေးယူမည်

အန္တရာယ်ရှိ စားသုံးဆီ ထုတ်လုပ်ရောင်းချသူများကို အစားအသောက်နှင့် ဆေးဝါးကာ ကွယ်ရေးဥပဒေဖြင့် စတင်အရေး ယူရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုံးဖြတ်ကြောင်း မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြား သည်။

ရောနှောဆီများကို မြေပဲဆီ အနံ့၊ နှမ်းဆီအနံ့များထည့်သွင်း ကာ ထုတ်လုပ်ရောင်းချနေ၍ ပြည်သူများကျန်းမာရေးထိခိုက်စေသဖြင့် အစားအသောက် ဆေးဝါးကာကွယ်ရေးဥပဒေဖြင့် စတင်အရေးယူတော့မည် ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆီ စက်လုပ်ငန်းရှင်များ ဇန်န၀ါရီ ၃ ရက်က အစိုးရအဖွဲ့ရုံးခန်း၌ တွေ့ ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့၊ စီမံရေးနှင့် ဘဏ္ဍာရေး ၀န်ကြီးဦးမြင့်သောင်းက အရေးယူ မည့်အကြောင်း ပြောကြားကြောင်း အစည်းဝေးတက်ရောက်ခဲ့သော ဦးခင်စိုးက ပြောသည်။
ယခင်က စားသုံးဆီများကို ရောနှောပြုလုပ်ကာ ရောင်းချမှု များ တွေ့ရှိခဲ့သော်လည်း အရေး ယူဆောင်ရွက်ခြင်းများ တစ်ကြိမ် တစ်ခါမျှ မရှိခဲ့ကြောင်း မြေပဲဆီ၊ နှမ်းဆီရောင်းချသူ ဆီစက်ပိုင်ရှင် များက ပြောသည်။
အစားအသောက် ဆေးဝါး ကာကွယ်ရေးဥပဒေဖြင့် အရေးယူ ဆောင်ရွက်ပါက ပြစ်မှုကျူးလွန် သူကို ထောင်ဒဏ်သုံးနှစ်နှင့် ငွေ ဒဏ်ကျပ်သိန်း ၅၀ ဒဏ်ရိုက်နိုင် ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက် က အန္တရာယ်ရှိသော စားသုံးဆီ များထုတ်လုပ်နေသည့် ဆီစက် လုပ်ငန်းရှင်နှစ်ဦးကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ခေါ်ယူ ကာ ၀န်ခံကတိပြုလက်မှတ်ရေး ထိုးစေခဲ့သည်။
ရောနှောဆီများကို ဓာတု ပစ္စည်း မြေပဲဆီအနံ့၊ နှမ်းဆီအနံ့များ ထည့်သွင်းရောင်းချခြင်းနှင့် စားအုန်းဆီ၊ ပဲပုပ်ဆီ၊ နေကြာဆီ၊ ပြန်ကြော်ဆီများထဲသို့ မြေပဲဆီ၊ နှမ်းဆီ အနံ့များထည့်ကာ ထင်ယောင်ထင်မှားဖြစ်စေသဖြင့် ရောင်းချခွင့်မပြုကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ် ကဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အထက်ပါ အစည်းအဝေး၌ ပြောကြားခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment