Monday, January 9, 2017

ကမ္ဘာတစ်ဝန်း သန့်ရှင်းတဲ့စွမ်းအင်ကဏ္ဍ ဦးဆောင်ရင်းနှီး မြှုပ်နှံသူအဖြစ် တရုတ်ရပ်တည်နေ

Image may contain: mountain, sky and outdoor
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးစီမံကိန်းတွေမှာ တရုတ်ရဲ့ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုတွေကတော့ ယမန်နှစ်က ရာခိုင်နှုန်း၆၀ လောက်ထိ မြင့်တက်ခဲ့ပြီး စံချိန်တင် ဒေါ်လာ ၃၂ ဘီလီယံ ထိရောက်ရှိလာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယင်းအတွက်ကြောင့် ကမ္ဘာပေါ်က သန့်ရှင်းတဲ့စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍမှာ တရုတ်က ဦးဆောင်ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်ထားနိုင်ခဲ့ပြီဆိုပြီး ဇန်န၀ါရီ ၆ ရက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်တုန်းက တစ်ခုကို ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ကြေးရှိတဲ့ နိုင်ငံရပ်ခြား ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ သဘောတူစာချုပ် ၁၁ ခုကို တရုတ်တို့ အပြီးသတ်ချုပ်ဆိုနိုင်ခဲ့သလို ယင်းတိုးတက်ကောင်းမွန်ခဲ့တဲ့ အရှိန်အဟုန်ကို ယခုနှစ်အတွင်းမှာလည်း ဆက်ထိန်းထားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း စွမ်းအင်စီးပွားနဲ့ ဘဏ္ဍာရေးအကဲဖြတ်ဌာန IEEFA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ လာမယ့် ၂၀၂၀ မတိုင်ခင် သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍမှာ ဒေါ်လာ ၃၆၁ ဘီလီယံထိ ရင်းနှီးမြှုပ်နှံပေးသွားမယ်လို့ ဇန်န၀ါရီ ၅ ရက်တုန်းကလည်း တရုတ်တို့ ထုတ်ဖော်ကြေညာခဲ့ပါသေးတယ်။

" သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်ရေးဟာ တရုတ်တို့ရဲ့ စွမ်းအင်အခြေခံ ပြုပြင်ပြောင်းလဲမှုအတွက် အရေးပါတဲ့ ဒေါက်တိုင်ဖြစ်လာမှာပါ" လို့ တရုတ်ရဲ့ အမျိုးသားစွမ်းအင်အာဏာပိုင်အဖွဲ့ ဒုတိယအကြီးအကဲ Li Yangzhe က ပြောသွားပါတယ်။အလားတူ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဟာ အမေရိကန်ကို ကျော်ဖြတ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရာဌာနအဖြစ်ထွက်ပေါ်လာနေခဲ့ပြီဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment