Monday, January 9, 2017

၂၀၁၇ အတွက် ကျန်းမာရေးစောင့်ရှောက်မှုအကောင်းဆုံး နိုင်ငံ ၄ ခု

Image may contain: sky and outdoor
ကမ္ဘာပေါ်မှာ ငွေကြေးချမ်းသာတဲ့လူတွေဟာ အသက်အရွယ်ကြီးရင့်လာရင် နိုင်ငံရပ်ခြားမှာသွားရောက် အခြေချအနားယူကြတဲ့အဓိကအကြောင်းအရင်းကတော့ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားလို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာ ဆေးပညာပိုမိုခေတ်မီလာတာနဲ့မျှ အမေရိကန်နိုင်ငံနဲ့ ကနေဒါလိုမျိုးကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ ကို အာရှနဲ့ တစ်ခြားဒေသတွေမှာလည်း ပေးနိုင်နေပါတယ်။ တစ်ချို့နေရာတွေမှာဆေးကုသစရိတ်က အနောက်တိုင်းထက် အဖိုးအခပိုလို့တောင်သက်သာနိုင်ပါသေးတယ်။

ကမ္ဘာပေါ်မှာလက်ရှိမှာ ကျန်းမာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာပြီး ၂၀၁၇ အတွက်အကောင်းဆုံး နိုင်ငံ၎ ခုနဲ့ ၎င်းနိုင်ငံတွေကိုရွေးချယ်ခံရတဲ့ အကြောင်းအရင်းတွေ ကိုလည်းဖော်ပြထားပါတယ်။

၁။မလေးရှား

အမေရိကန်ဒေါ်လာနဲ့ မလေးရှားငွေကြေးကွာဟ မှုများတာ၊ လေယာဉ်စရိတ်သက်သာတာ၊ ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်တွေအနောက်တိုင်း နိုင်ငံတွေမှာခေါင်ခိုက်လာတာကြောင့် မလေးရှားနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍဟာ တိုးတက်လာပြီးတော့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာအာရှကရော အနောက်တိုင်းကပါ မလေးရှားမှာ လာရောက်ဆေးကုသမှုတွေများစွာပြုလုပ်လာကြပါတယ်။

မလေးရှားနိုင်ငံမှာ အာရှက အကောင်းဆုံး ဆရာဝန်တွေများစွာရှိသလို ဆရာဝန်အများစုဟာလည်း အမေရိကန်နိုင်ငံ၊သြစတျေးလျ နဲ့ ယူကေတို့မှာ ပညာသင်ကြားလာသူတွေဖြစ်ကြပါတယ်။ ဘာသာစကားမှာလည်း အင်္ဂလိပ် လိုပြောတတ်သူများဟာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ များစွာရှိတာကြောင့်အဆင်ပြေစေပါတယ်။

၂။Cost Rica

အမေရိကန်နိုင်ငံသား ၄ သောင်းကျော်ာ နှစ်စဉ် Costa Rica နိုင်ငံကိုသွားရောက်ပြီးဆေးကုသမှုခံယူကြပါတယ်။ Central America ကဒီနိုင်ငံမှာကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းက တန်းမီ ပြီးတော့ဈေးနှုန်းကလည်း အမေရိကန်နိုင်ငံ ထက် လွန်စွာသက်သာတာကို အမေရိကန်နိုင်ငံသားတွေသိရှိသွားလို့ဖြစ်ပါတယ်။

၃။ကိုလံဘီယာ

ဒီနိုင်ငံမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားပြီး လူတွေဟာလည်း ကျန်းမာရေးကိုတန်ဖိုးထားကြပါတယ်။ကုန်ကျစရိတ် လည်း သက်သာတယ်လို့သိရပါတယ်။ WHO ရဲ့ သတ်မှတ်ချက်အရကိုလံဘီယာရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့် ဟာ ၂၁ မှာရှိနေပါတယ်(စုစုပေါင်း စာရင်းမှာ နိုင်ငံ ၁၉၁ ခုပါဝင်ပါတယ်)။ ဒီအဆင့်ဟာ ကနေဒါ(၃၀) နဲ့ အမေရိကန်(၃၇) တို့ထက်တောင်မြင့်မားနေပါသေးတယ်။

၎။မက်ဆီကို

မက်ဆီကို နိုင်ငံက ဆေးကုသစရိတ်ဟာ အမေရိကန်နိုင်ငံရဲ့ အစွန်းထွက်မျှသာရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံသားတွေက သွားဘက်ဆိုင်ရာကုသမှုရော၊ ကျန်းမာရေးကုသမှုအတွက်ပါ သွားရောက်ကြပါတယ်။


# SFJ Strategy First Journal

0 comments:

Post a Comment