Friday, December 16, 2016

Yahoo ကုမ္ပဏီ၏အင်တာနက်အကောင့် တစ်ဘီလီယံကျော်ခန့် ဟက်ကာများ ခိုးယူ

Image may contain: 1 person, standing, shoes and outdoor
အမေရိကန်အိုင်တီကုမ္ပဏီတစ်ခုဖြစ်သည့် Yahoo က ၎င်း၏ အင်တာနက်သုံးစွဲသူ တစ်ဘီလီယံကျော်ခန့်၏ အချက်အလက်များ ခိုးခံခဲ့ရကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာခဲ့သည်။

စက်တင်ဘာလက အင်တာနက်သုံးစွဲ သူ သန်း ၅ဝဝ ကျော်၏ အကောင့်များကို ဟက်ကာများက နည်းပညာအသစ်အဆန်းများဖြင့် ဝင်ရောက်ခိုးယူသွားခဲ့ကြောင်း Yahoo ကုမ္ပဏီက ထုတ်ဖော်ပြောကြားပြီးနောက် ယခုထပ်မံခိုးခံရမှုဖြစ်ပွားခဲ့သည်။ ဟက်ကာများခိုးခဲ့သည့် အင်တာနက်သုံးစွဲသူ အရေအတွက်သည် ကုမ္ပဏီတစ်ခုအတွက် အချက်အလက်ပေါက်ကြားမှု အများဆုံး ဖြစ်စေသော ခိုးယူမှုဖြစ်သည်။

Yahoo တာဝန်ရှိသူများက ၂ဝ၁၃ ခုနှစ် သြဂုတ်လတွင်လည်း ဟက်ကာများက ၎င်းတို့၏ အချက်အလက်များကို ခိုးယူခဲ့သည်ဟု ဆိုသည်။ သို့သော် အင်တာနက် သုံးစွဲသူ၏ နာမည်များ၊ မွေးနေ့၊ အီးမေးလ် လိပ်စာနှင့် တယ်လီဖုန်းနံပါတ်များကိုသာ ခိုးယူသွားခဲ့သည်။ အင်တာနက်သုံးစွဲသူများ၏ အကောင့်နာမည်ဝှက်များနှင့် အခြားအရေးကြီးသောအချက်အလက်များကို နည်းပညာတစ်မျိုးဖြင့် သိမ်းဆည်းထားသည့်အတွက် ခိုးယူခြင်းမခံခဲ့ရကြောင်း တာဝန်ရှိသူများကဆိုသည်။

ဟက်ကာများ ဝင်ရောက်ခဲ့သည့် အင်တာနက်သုံးစွဲသူများနှင့် ၎င်းတို့၏နိုင်ငံများကို ဖော်ပြခြင်းမရှိခဲ့သော်လည်း ကုမ္ပဏီအနေဖြင့် အခြားသောနာမည်ဝှက်များ အသုံးပြုရန်လိုအပ်ကြောင်း အကြံပြုစာများ ပို့မည်ဖြစ်သည်ဟု Yahoo တာဝန်ရှိသူများ ကဆိုသည်။

စောင့်ကြည့်လေ့လာသူများက ထိုသို့သော ဟက်ကာများ၏ ဝင်ရောက်ခိုးယူမှုသည် Yahoo ကုမ္ပဏီ၏ စီးပွားရေးကိုထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။ ဇူလိုင်လက Yahoo ကုမ္ပဏီပိုင် အင်တာနက်ကွန်ရက်ပိုင်ဆိုင်မှုအပါအဝင် အခြားသောနည်းပညာများကို အမေရိကန် တယ်လီကွန် ကုမ္ပဏီတစ်ခုဖြစ်သည့် Verizon ကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံဖြင့် ရောင်းချရန် သဘောတူခဲ့သည်။

သို့သော် Yahoo ကုမ္ပဏီ၏ အချက် အလက်များကို ဟက်ကာများက ခိုးယူခဲ့ကြောင်း ပထမဆုံးအကြိမ်ကြေညာခဲ့ပြီးနောက် Verizon ကုမ္ပဏီက ဝယ်ယူမည့်ငွေပမာဏကို ပြန်လည်သုံးသပ်မည်ဟု ဆိုခဲ့သည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment