Friday, September 23, 2016

လာမည့်ဆယ်စုနှစ်တစ်ခုအတွင်း နျူဓာတ်အားပေးစက်ရုံ ၆ဝ ခန့် တရုတ် တည်ဆောက်မည်

တိုင်းပြည်တစ်ဝန်း နျူကလီးယားဓာတ်အားပေးစက်ရုံ ၆ဝ ကျော်တည်ဆောက်မည့် ရည်မှန်းချက်ကြီးမားသော အစီအစဉ်တစ်ရပ်ကို တရုတ်နိုင်ငံမှ အရေးပါသော နျူကလီး ယားကုမ္ပဏီကြီးသုံးခုက ထုတ်ဖော်ကြေညာလိုက်သည်။

တရုတ်နိုင်ငံတကာအသံလွှင့်ဌာန (CRI) ၏အဆိုအရ ယခုလအစောပိုင်းက ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော် ၌ကျင်းပသော ကမ္ဘာ့နျူကလီးယားအသင်းစာတမ်းဖတ်ပွဲ အခမ်းအနားကာလအတွင်း အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါကုမ္ပဏီသုံးခုဖြစ်သော နိုင်ငံပိုင်နျူကလီးယားစွမ်းအင် နည်းပညာကော်ပိုရေးရှင်း (SNPTC) ၊ တရုတ်အမျိုးသားနျူကလီးယားကော်ပိုရေးရှင်းနှင့် တရုတ်အထွေအထွေနျူကလီးယားစွမ်းအင် ကော်ပိုရေးရှင်းတို့က တစ်နှစ်လျှင် နျူကလီးယားဓာတ်ပေါင်းဖို နှစ်လုံးထက်မနည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း SNPTC ဒုတိယဥက္ကဋ္ဌ ကျောင်ကွမ်မင်းက ပြောကြားသည်။

တည်ဆောက်ရန်စီစဉ်ထားသော နျူကလီးယားဓာတ် အားပေးစက်ရုံ ၆ဝ ခန့်အနက် နျူကလီးယားဓာတ် ပေါင်းဖို ၆ ခုမှ ၁ဝ ခုထိကို တရုတ်ပြည်တွင်းထုတ် CAP 1400 ၁၄ဝဝ နည်းပညာ အသုံးပြုသွားမည်ဟု ကျောင်က ဆို သည်။ လက်ရှိအချိန်တွင် CAP 1400 နည်းပညာသုံး နျူကလီးယားဓာတ်ပေါင်းဖိုနှစ်လုံးကို ကျဲကျင်းပြည်နယ် ဆန်းမင်စီရင်စု၌ တည်ဆောက်လျက်ရှိသည်။ ၂ဝ၃ဝ ခုနှစ်မတိုင်မီ ပိုးလမ်းမကြီးတစ်လျှောက်ရှိ တိုင်းပြည်များ၌ နျူကလီးယားဓာတ်အားပေးစက်ရုံ ၃ဝ တည်ဆောက်ရန် တရုတ်နိုင်ငံက ရည်မှန်းနေသည်။ တရုတ်နိုင်ငံမှာ အာဂျင်တီးနား၊ ဘရာဇီး၊ အီဂျစ်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျော်ဒန် အပါအဝင် နိုင်ငံအများအပြားနှင့် နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ ရရှိခဲ့သည်။

လာမည့်ငါးနှစ်အတွင်း တရုတ်နိုင်ငံ၏နျူကလီးယား အဆောက်အအုံများမှာ ဈေးကွက်တန်ဖိုးအားဖြင့် ယွမ် ၂ဝ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဘီလီယံ) ရှိလာ မည်ဟု CRI က ခန့်မှန်းတွက်ချက်ထားသည်။ လက်ရှိ အချိန်တွင် တရုတ်နိုင်ငံ၌ လုပ်ငန်းလည်ပတ်နေသော နျူကလီးယားဓာတ်ပေါင်းဖို ၃ဝ နှင့် တည်ဆောက်ဆဲ နျူဓာတ်ပေါင်းဖို ၂၁ လုံးရှိသည်။ စီမံချက်အရ ၂ဝ၃ဝ ခုနှစ်မတိုင်မီ နျူကလီးယားစွမ်းအင်မှ စွမ်းအင် ၁ဝ ရာခိုင် နှုန်းရရှိရန်ရည်ရွယ်၍ နျူကလီးယားစက်ရုံသစ်များတည် ဆောက်ရန် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၅၇ဝ ဘီလီယံ ခွဲဝေသတ်မှတ်မည်ဖြစ်သည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment