Friday, December 16, 2016

လက်နက်ကိုင်တစ်စုက ရွာသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်၊ လက်လုပ်မိုင်းများ သိမ်းဆည်းရမိ

Image may contain: shoes
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သဝန်ချောင်း ကျေးရွာအတွင်း လက်နက်ကိုင်တစ်စုက ရွာသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖုန်းသတင်းပေးပို့ချက်ရရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၃ ရက် ည ၉နာရီ ၄၅ မိနစ်တွင် သွားရောက်စစ်ဆေးခဲ့ရာ လက်နက်ကိုင် ၁၇ ဦးခန့်က သဝန်ချောင်း မြောက်ရွာနေ အလုပ်သမား ခေါင်းဆောင် ဟာဘီရော်မာန်အား ဖမ်းဆီးသွားကြောင်း သိရသည်။


ကိုးတန်ကောက် ကျေးရွာနေ မော်လဝီဇူပိုင် ခေါင်းဆောင်သည့် အဖွဲ့သည် ရွာ၏အရှေ့ဘက်မှ ဝင်ရောက်၍ ဟာဘီရော်မာန်အား ဖမ်းဆီးကာ ၎င်း၏နေအိမ်နှင့် ရွာထဲ၌ သေနတ်တစ်ချက်စီ ပစ်ဖောက် ခြောက်လှန့်ခဲ့ပြီး သဝန်ချောင်း ရွာသစ်ဘက်သို့ ခေါ်ဆောင်ပြီး ၎င်းတို့တွင် သေနတ်နှစ်လက်ပါရှိကြောင်း သိရသည်။

ဟာဘီရော်မာန်၏ နေအိမ် မီးဖိုချောင်အတွင်းမှ ကျည်ခွံတစ်ခု သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များသည် သဝန်ချောင်းရွာ အရှေ့ဘက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် မောင်တောမြို့နယ် လိပ်အိုင်ရွာ အနီးပတ်ဝန်းကျင်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ဓနိတောအတွင်း ဝှက်ထားသည့် အလျားပေ ၉ဝ၊ အနံ လေးပေခွဲရှိ ပြောက်ကျား ယူနီဖောင်းစပိတ်အုပ် နှစ်အုပ် ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မယင်းတောင်နှင့် မျောတောင်အနီး တောင်ကုန်းများအား ရှင်းလင်းရာ ချုံအတွင်းမှ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် အသက်သွင်းပြီး လက်လုပ်မိုင်း နှစ်လုံး၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ကားပင်စတင် လေးလုံးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 


Credit To >>> The Mirror Daily

0 comments:

Post a Comment