Monday, December 19, 2016

အစားအသောက်စားချိန်နဲ့ အနားယူချိန် လုံလောက်စွာမရခဲ့ကြတဲ့ Apple အရောင်းဆိုင်ဝန်ထမ်းဟောင်းတွေကို ကုမ္ပဏီဘက်က ဒေါ်လာ ၂ သန်းပေးလျော်ဖို့ တရားရုံးကအမိန့်ချ

Image may contain: sky and outdoor
အမေရိကန်နာမည်ကြီး နည်းပညာကုမ္ပဏီ Apple အနေနဲ့ ယင်းရဲ့ စတိုးဆိုင်အရောင်းဝန်ထမ်းတွေကို အလုပ်ချိန်အတင်း အစားအသောက်စားချိန်နဲ့ အနားယူချိန် လုံလုံလောက်လောက် ခွင့်ပြုပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ယင်းဝန်ထမ်းတွေကို စုစုပေါင်း ဒေါ်လာ ၂ သန်းပေးလျော်ဖို့ ကယ်လီဖိုးနီးယား တရားရုံးတစ်ခုက ချမှတ်ဆုံးဖြတ်ပေးလိုက်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယခုဖြစ်စဉ်မှာ San Diego က အထက်တရားရုံးတစ်ခုက Apple လက်လီအရောင်းဆိုင်ဝန်ထမ်းတွေကို အနိုင်ပေးဆုံးတ်ြပေး လိုက်တာလည်း ဖြစ်ပါတယ်။

ကုမ္ပဏီဘက်က ၀န်ထမ်းတွေရဲ့ အလုပ်ချိန်အတွင်း ခေတ္တအနားယူ ချိန်တွေ လုံလုံလောက်လောက်ပေးဖို့ ပျက်ကွက်မှု၊ စာငွေပေးချေမှု မှာ နှုတ်ယူထားတာတွေကို အတိအကျဖော်ပြဖို့ ပျက်ကွက်မှု၊ အလုပ်ထွက် သွားတဲ့ဝန်ထမ်းတွေကို အချိန်နဲ့တပြေးညီ လစာတွေထုတ်ပေးဖို့ပျက်ကွက်မှုနဲ့ အခြားချိုးဖောက်မှုတွေ ရှိထားတယ်ဆိုပြီး တရားရုံးက ဆုံးဖြတ်ချမှတ်ခဲ့ပါတယ်။

ယခုဖြစ်စဉ်မှာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်လောက်ကတည်းက Apple စတိုးဆိုင်ဝန်ထမ်း လေးဦးက စတင်ပြီး ကုမ္ပဏီက်ကို တရားစွဲ ဆိုထားခဲ့တာဖြစ်ပြီးတော့ ၂၀၁၂ ခုနှစ်အရောက်မှာတော့ ၀န်ထမ်းပေါင်း ၂၁,၀၀၀ ထိပါဝင်လာပြီး တရားရင်ဆိုင်နေခဲ့တာဖြစ်ပါတယ်။

ယခု ကုမ္ပဏီဘက်က ပေးလျော်ပေးမယ့် ဒေါ်လာ ၂ သန်း အနက် က ရှေ့နေခတွေနှုတ်ပယ်ပြီး ၀န်ထမ်းတွေကို အညီမျှခွဲဝေယူရ မယ်ဆိုရင်တော့ တစ်ဦးကို ၉၅ ဒေါ်လာစီသာ ရရှိဖို့ရှိနေတယ်လို့လည်း သိရပါတယ်။




Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment