Saturday, February 22, 2014

ချင်းအမျိုးသားနေ့ကို ပြည်နယ်အတွင်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် မင်းတပ်မြို့တွင် ကျင်းပသော ချင်းအမျိုးသားနေ့ အခမ်းအနား၌ CNF တောင်းဆို

Photo: ချင်းအမျိုးသားနေ့ကို ပြည်နယ်အတွင်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် မင်းတပ်မြို့တွင် ကျင်းပသော ချင်းအမျိုးသားနေ့ အခမ်းအနား၌ CNF တောင်းဆို
Saturday, February 22, 2014

ချင်းအမျိုးသားနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ချင်းအမျိုးသားတပ်ဦး (CNF)မှ အထွေထွေ အတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက် မင်းတပ်မြို့ မြို့မဘောလုံးကွင်းတွင် ကျင်းပသော ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ပြောကြားသည်။

“လွန်ခဲ့တဲ့ ၆၆ နှစ်က ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်တုန်းက ချင်းပြည်နယ် ဖလမ်းမြို့မှာ ချင်းပြည်နယ် အနယ်နယ်အရပ်ရပ်က ချင်းအမျိုးသား ခေါင်းဆောင်ကြီးများ စုရုံးကြပြီးတော့ တိုက်နယ်သူကြီးစနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ တစ်ခဲနက်ဆုံးဖြတ် ခဲ့ကြပါတယ်။ လွတ်လပ်မှု ( Freedom )ကို ရွေးချယ်ခဲ့ကြတယ်။ “ချင်းအမျိုးသားနေ့” အဖြစ် ချင်းအမျိုးသား ခေါင်းဆောင်ကြီးများနဲ့ ချင်းရေးရာကောင်စီက သတ်မှတ်ခဲ့ကြပါတယ်။ ချင်းပြည်နယ်အတွင်း တရားဝင်ရုံးပိတ်ရက်အဖြစ် နိုင်ငံတော် အစိုးရက သတ်မှတ်ပေးပြီး မိမိတို့ရဲ့ အမျိုးသားအောင်ပွဲနေ့ကို နိုင်ငံရေး အနှစ်သာရရှိရှိ ကျင်းပခဲ့ကြပါတယ်။ ဒါပေမဲ့ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူပြီးတဲ့နောက် ချင်းအမျိုးသားနေ့ တရားဝင်ကျင်းပခြင်းကို ပိတ်ပင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် နိုင်ငံတော် အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးတို့ သဘောတူညီချက်အရ တရားဝင် ကျင်းပခွင့်ပြန်လည် ရရှိလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ချင်းပြည်နယ်အတွင်းမှာ တရားဝင်ရုံး ပိတ်ရက်အဖြစ် မသတ်မှတ်နိုင်သေးတဲ့အတွက် ချင်းအမျိုးသားထု တစ်ရပ်လုံး စိတ်ရော၊ ကိုယ်ပါ တစ်ခဲနက်ပါဝင် ဆင်နွှဲနိုင်ခြင်း မရှိသေးပါဘူး။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ အနေနဲ့ ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်အတွင်း တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ကိုလည်း ဒီကနေ့ (၆၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့မှာ တောင်းဆိုလိုက်ပါတယ်”ဟု ပူးဇင်ကျုံးက ပြောကြားသည်။

ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ အောင်ပွဲကို ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်မှာ မင်းတပ်မြို့တွင် စတင်ကျင်းပခဲ့ပြီး ပန်းပွဲတော်နေ့၊ ချင်းအမျိုးသားနေ့၊ ချင်း ဝိသေသတိုင်းနေ့၊ ချင်းပြည်နယ်နေ့အဖြစ် ခေါ်ဝေါ်ကျင်းပလာခဲ့ကြသည်ဟု သိရသည် ။

“ချင်းအမျိုးသားနေ့မှာ ရုံးပိတ်ရက်အ ဖြစ် အရင်တုန်းက သတ်မှတ်ပေး ထားခဲ့တာပဲ။ ကျွန်တော်တို့က ချင်းအမျိုးသားနေ့ကို ရုံး ပိတ်ရက်အဖြစ် တောင်းဆိုတယ်ဆိုတာက အရင်ကရပြီးသားအခွင့်အရေးတစ်ခုကို ပြန်လည် တောင်းဆိုတာပါ”ဟု ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။

မင်းတပ်မြို့တွင် ကျင်းပသော ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦးနှင့် ချင်းပြည်နယ်အတွင်းရှိ ပါတီပေါင်းစုံမှ ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့သည်ဟု သိရသည်။

“ဒီလိုတောင်းဆိုချက်ကို ချင်းပြည်နယ် အစိုးရကနေပြီးတော့ လုပ်ထုံးလုပ်နည်း အတိုင်း နိုင်ငံတော်ကိုတင်ပြဖို့ လိုအပ်ပါတယ်။ အဲလိုတင်ပြပြီးပြီဆိုရင်တော့ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

Eleven Media Group

ဖေဖော်ဝါရီ ၂၀ ရက်က မင်းတပ်မြို့ မြို့မဘောလုံးကွင်းတွင် ကျင်းပသော ချင်းအမျိုးသားနေ့ အခမ်းအနားကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၀ ရက်က မင်းတပ်မြို့ မြို့မဘောလုံးကွင်းတွင် ကျင်းပသော ချင်းအမျိုးသားနေ့ အခမ်းအနားကို တွေ့ရစဉ်
ချင်းအမျိုးသားနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ချင်းအမျိုးသားတပ်ဦး (CNF)မှ အထွေထွေ အတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက် မင်းတပ်မြို့ မြို့မဘောလုံးကွင်းတွင် ကျင်းပသော ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ပြောကြားသည်။


“လွန်ခဲ့တဲ့ ၆၆ နှစ်က ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်တုန်းက ချင်းပြည်နယ် ဖလမ်းမြို့မှာ ချင်းပြည်နယ် အနယ်နယ်အရပ်ရပ်က ချင်းအမျိုးသား ခေါင်းဆောင်ကြီးများ စုရုံးကြပြီးတော့ တိုက်နယ်သူကြီးစနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ တစ်ခဲနက်ဆုံးဖြတ် ခဲ့ကြပါတယ်။ လွတ်လပ်မှု ( Freedom )ကို ရွေးချယ်ခဲ့ကြတယ်။ “ချင်းအမျိုးသားနေ့” အဖြစ် ချင်းအမျိုးသား ခေါင်းဆောင်ကြီးများနဲ့ ချင်းရေးရာကောင်စီက သတ်မှတ်ခဲ့ကြပါတယ်။ ချင်းပြည်နယ်အတွင်း တရားဝင်ရုံးပိတ်ရက်အဖြစ် နိုင်ငံတော် အစိုးရက သတ်မှတ်ပေးပြီး မိမိတို့ရဲ့ အမျိုးသားအောင်ပွဲနေ့ကို နိုင်ငံရေး အနှစ်သာရရှိရှိ ကျင်းပခဲ့ကြပါတယ်။ ဒါပေမဲ့ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူပြီးတဲ့နောက် ချင်းအမျိုးသားနေ့ တရားဝင် ကျင်းပခြင်းကို ပိတ်ပင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် နိုင်ငံတော် အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးတို့ သဘောတူညီချက်အရ တရားဝင် ကျင်းပခွင့်ပြန်လည် ရရှိလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ချင်းပြည်နယ်အတွင်းမှာ တရားဝင်ရုံး ပိတ်ရက်အဖြစ် မသတ်မှတ်နိုင်သေးတဲ့အတွက် ချင်းအမျိုးသားထု တစ်ရပ်လုံး စိတ်ရော၊ ကိုယ်ပါ တစ်ခဲနက်ပါဝင် ဆင်နွှဲနိုင်ခြင်း မရှိသေးပါဘူး။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ အနေနဲ့ ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်အတွင်း တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ကိုလည်း ဒီကနေ့ (၆၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့မှာ တောင်းဆိုလိုက်ပါတယ်”ဟု ပူးဇင်ကျုံးက ပြောကြားသည်။

ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ အောင်ပွဲကို ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်မှာ မင်းတပ်မြို့တွင် စတင်ကျင်းပခဲ့ပြီး ပန်းပွဲတော်နေ့၊ ချင်းအမျိုးသားနေ့၊ ချင်း ဝိသေသတိုင်းနေ့၊ ချင်းပြည်နယ်နေ့အဖြစ် ခေါ်ဝေါ်ကျင်းပလာခဲ့ကြသည်ဟု သိရသည် ။

“ချင်းအမျိုးသားနေ့မှာ ရုံးပိတ်ရက်အ ဖြစ် အရင်တုန်းက သတ်မှတ်ပေး ထားခဲ့တာပဲ။ ကျွန်တော်တို့က ချင်းအမျိုးသားနေ့ကို ရုံး ပိတ်ရက်အဖြစ် တောင်းဆိုတယ်ဆိုတာက အရင်ကရပြီးသားအခွင့်အရေးတစ်ခုကို ပြန်လည် တောင်းဆိုတာပါ”ဟု ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။

မင်းတပ်မြို့တွင် ကျင်းပသော ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦးနှင့် ချင်းပြည်နယ်အတွင်းရှိ ပါတီပေါင်းစုံမှ ခေါင်းဆောင်များ၊ လူမှုအဖွဲ့အ စည်းများ တက်ရောက်ခဲ့သည်ဟု သိရသည်။

“ဒီလိုတောင်းဆိုချက်ကို ချင်းပြည်နယ် အစိုးရကနေပြီးတော့ လုပ်ထုံးလုပ်နည်း အတိုင်း နိုင်ငံတော်ကိုတင်ပြဖို့ လိုအပ်ပါတယ်။ အဲလိုတင်ပြပြီးပြီဆိုရင်တော့ မဖြစ်နိုင်စရာ အကြောင်းမ ရှိပါ ဘူး”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment