Friday, December 11, 2015

ထိုင်းတွင် IS များရောက်ရှိနေကြောင်း သတင်းကြောင့် မြ၀တီမြို့သို့ အကြမ်းဖက်များ ၀င်ရောက်မှုမရှိရေး ခရိုင်ရဲမှူးကြီးနှင့် အစ္စလာမ်ဘာသာဝင်များ တွေ့ဆုံ


 မြ၀တီမြို့ အမှတ် ၁ ရပ်ကွက်အတွင်းရှိ အစ္စလာမ်ဘာသာကျောင်း (ဗလီ) ခန်းမအတွင်း၌ မြ၀တီခရိုင်ရဲမှူးကြီး ဒုရဲမှူးကြီး မိုးညိုသည် ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်း ၁ နာရီက အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအ၀င် ကော်မတီအသီးသီးမှ ပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများနှင့် အစ္စလာမ်ဘာသာဝင် ၆၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ရဲမှူးကြီး မိုးညိုက “မြ၀တီမြို့သည် ထိုင်းနယ်စပ်မြို့ဖြစ်သည်နှင့်အညီ တဖက်ထိုင်းနိုင်ငံအတွင်း၌ အစ္စလာမ်မစ် IS အကြမ်းဖက်များရောက်ရှိနေကြောင်း သတင်းများကြားသိရသဖြင့် မိမိတို့မြ၀တီမြို့အတွင်းသို့လည်း ၀င်ရောက်လာနိုင်ကြောင်း၊ ထိုသို့ ၀င်ရောက်လာပါက မိမိတို့နှင့်အတူ အစ္စလာမ်ဘာသာဝင်များအနေဖြင့် ၀ိုင်းဝန်းပူးပေါင်းတိုက်ဖျက်ရမည်ဖြစ်ကြောင်း၊ IS အစွန်းရောက်များနှင့်ပတ်သက်၍ သတင်းများကြားသိရပါကလည်း မိမိတို့ထံ သတင်းပေးပို့စေလိုကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားလိုကြောင်း”စသည်တို့ကို ပြောကြားသည်။
ထို့နောက် အစ္စလာမ်ဘာသာဝင်ဗလီလူကြီးအဖွဲ့ဥက္ကဋ္ဌ ဦးအာလီနှင့် အတွင်းရေးမှူး ဦးအဟတ်တို့၏ တင်ပြဆွေးနွေးမှုများကို ခရိုင်ရဲမှူးကြီးက ပြန်လည်ဖြေကြားပြီး အခမ်းအနားကို မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Credi tTo . >>>> NewsWatch Journal

0 comments:

Post a Comment